ချောကလက်ဝေဖာ အချိုပွဲလေးကို မိမိအိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျပြုလုပ်ချင်သူတွေအတွက် ဒီတစ်ခါမှာတော့ ချောကလက်ဝေဖာ ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ဝေဖာပြုလုပ်တဲ့ မီးဖိုလေးတစ်လုံးရှိရုံနဲ့ အရသာရှိတဲ့ ချောကလက်ဝေဖာအချိုပွဲလေး ပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ဂျုံမှုန့် ၁၂၀ ဂရမ်
• သကြား စားပွဲတင်ဇွန်း ၆ ဇွန်း
• မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
• ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
• နွားနို့ ၂၅၀ မီလီလီတာ

• ကြက်ဥ ၂ လုံး
• ဂျုံမှုန့်ညက်ရန် အသုံးပြုသည့်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
• ချောကလက် ၂ အောင်စခန့်
• ကိုးကိုးမှုန့်၊ ရေခဲမုန့် (ဝေဖာပေါ်တွင် အလှဆင်ရန်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဂျုံမှုန့်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။

၂။ အခြား ပန်းကန်လုံးတစ်လုံးထဲတွင် နွားနို့နှင့် ကြက်ဥများကို ခပ်ပြင်းပြင်းလေး မွှေခလောက်ထားလိုက်ပါ။

၃။ ကြက်ဥနွားနို့များကို စောစောက နယ်ထားသော ဂျုံမှုန့်ပန်းကန်ထဲသို့ ပြောင်းထည့်ပြီး ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၄။ ချောကလက်နှင့် ဆီတို့ကို အပူဒဏ်ခံနိုင်သည့် ပန်းကန်လုံးထဲထည့်ပြီးနောက် ပွက်ပွက်ဆူနေသော ရေပေါ်တွင် တင်ထားကာ ချောကလက်များကို အရည်ဖျော်လိုက်ပါ။ (မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး အပူပေးကာ အရည်ပျော်လာအောင်လည်း လုပ်လို့ရပါတယ်။)

၅။ ရရှိလာတဲ့ ချောကလက်အရည်များကို စောစောက ဂျုံမှုန့် ကြက်ဥပန်းကန်ထဲသို့ လောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၆။ ဝေဖာပြုလုပ်မယ့် မီးဖိုကို ထောပတ်ဖြင့် သုတ်လိမ်းထားလိုက်ပါ။

၇။ ချောကလက်အနှစ်လေးများကို ဝေဖာမီးဖိုအလယ်တည့်တည့်မှာ ထည့်ပြီးနောက် ဘေးအစွန်းများသို့ ပြန့်နှံ့သွားအောင် ဖြန့်ကျက်ပေးလိုက်ပါ။ ထို့နောက် မီးဖိုအဖုံးကို ပိတ်ထားကာ အပူပေးလိုက်ပါ။

၈။ ကျန်ရှိနေသော ချောကလက်အနှစ်များကို ဝေဖာများရအောင် ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

ဝေဖာစားခါနီးကျမှ ချောကလက်ဝေဖာပေါ်သို့ ကိုးကိုးမှုန့်များ ဖြူးပေးလိုက်ပါ။ ရေခဲမုန့်နှင့် ချောကလက်များလည်း ထပ်ထည့်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ချောကလက်ဝေဖာ အချိုပွဲလေး ရရှိသွားပါပြီ။

Source: Thespruceeats.com