ဒီတခါမှာတော့ ထုံစပ်စပ် အရသာလေးရှိတဲ့ စီချွမ် ကြက်မာလာကြော်လေးကို ချက်စားရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်သား ၄ ပေါင်
  • ဆီ
  • ငရုတ်သီး 1.5 Cup
  • စီချွမ် တရုတ်မဆလာ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဂျင်း လက် တစ်ဒစ်

  • ကြက်သွန်ဖြူ ၂ လုံး
  • ကြက်သွန်မြိတ် ၂ ချောင်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆား အနည်းငယ်

အသားနှပ်ဖို့ ဆော့စ် (Marinating)

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆန်အရက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်း အဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား အနည်းငယ်

ပြုလုပ်နည်း

ငရုတ်သီးအခြောက်တွေကို လှီးပြီး အစေ့တွေကို ဖယ်လိုက်ပါ။ ရေထဲမှာ ၁၅ မိနစ်လောက် စိမ်ထားပါ။ ဒီလို လုပ်ရတဲ့အကြောင်းအရင်းက ငရုတ်သီးတွေကို လှော်တဲ့အခါမှာ အရမ်းမီးမကျွမ်းသွားအောင် ဖြစ်ပါတယ်။

ကြက်ပေါင် ၄ ခုကနေ အရိုးတွေကို ဖယ်လိုက်ပါ။ အတုံးလေးတွေ လှီးလိုက်ပါ။ ပန်းကန်အကြီးကြီးထဲထည့်ပြီး ခုနက အသားနှပ်ဖို့ ပြင်ထားတဲ့ ဆော့နဲ့ နယ်လိုက်ပါ။ သမအောင် နယ်ပြီး ၁၀ မိနစ်လောက် နှပ်ထားပါ။

ဒယ်အိုးထဲ ဆီထည့်ပြီး Deep-frying လုပ်ပါ။ ဆီပွက်ပွက်ဆူလာတဲ့အခါကျမှ ကြက်သားတွေထည့်ပြီး ကြော်ပါ။ ရွှေညိုရောင်ဖြစ်သွားတဲ့အထိ ကြော်ပါ။ တဖက်က ကျက်လာရင် တဖက်ကို လှန်ပြီး ကြော်ပါ။ ကြက်သားကို ဆယ်ထားပါ။

အိုးထဲကို ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲလောက် ထည့်ပါ။ ဆီပူလာရင် ငရုတ်သီးကို ၁ မိနစ်ကနေ ၂ မိနစ်လောက် အပူပေးပြီး မီးအေးအေးနဲ့ကြော်ပါ။ တရုတ်မဆလာထည့်ပြီး ၁ မိနစ်လောက် ကြော်ပါ။

ပြီးရင် ဒယ်အိုးဘေးဘက်မှာ ခဏလောက်ပုံထားလိုက်ပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲလောက်ထည့်ကာ ဂျင်း၊ ကြက်သွန်မြိတ် နဲ့ ကြက်သွန်ဖြူတို့ထည့်ပြီး အနံ့မွှေးအောင်ကြော်ပါ။

ကြက်သားပြန်ထည့်ပြီး လှော်ထားတဲ့ နှမ်း၊ သကြားတို့ ထည့်ကာ ကြော်ပြီး ကြက်သွန်မြိတ် အုပ်လိုက်ပါ။

ဒါဆိုရင် အရသာရှိတဲ့ စီချွမ် ကြက်သား မာလာကြော် ရပါပြီနော်။

Photo Credit: Chinasichaunfood