အားလုံးပဲ မင်္ဂလာပါ။ ထိုင်းအစားအစာများကို ကြိုက်နှစ်သက်ကြတဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ရှူးရှူးရှဲရှဲနဲ့ စားလို့ကောင်းတဲ့ ထိုင်းစတိုင်လ် ကြက်သားသုပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသားနွှင်ထားသော ကြက်သားပြုတ် ပန်းကန်လုံး ၃ လုံးစာခန့်
  • ပါးပါးလှီးထားသော ဂေါ်ဖီထုပ်နှင့် မုန်လာဥနီ ၂ လုံး (ပါးပါးလှီးထားပါ)
  • မမှည့်သေးသော သင်္ဘောသီး တစ်စိတ်ခန့် (ပါးပါးလှီးထားပါ)
  • တရုတ်နံနံအနည်းငယ်၊ ကြက်သွန်မြိတ် အနည်းငယ်၊ ငရုတ်သီးတောင့် အနည်းငယ်
  • မြေပဲ၊ ဆားနှင့် သံပုယိုရည် အနည်းငယ်

ကြက်သားသုပ်ရန်အတွက် လိုအပ်သော အချဉ်ရည်

  • မြေပဲထောပတ် ၁၂၅ ဂရမ်ခန့်
  • ပဲငံပြာရည်၊ နှမ်းဆီ၊ ဆန်ရှာလကာရည် အနည်းငယ်
  • ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူနှင့် ဂျင်းအနည်းငယ်
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်သားပြုတ်၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ သင်္ဘောသီး၊ ကြက်သွန်မြိတ်၊ တရုတ်နံနံ၊ ငရုတ်သီး တို့ကို ပါးပါးလှီးထားပါ။

၂။ အချဉ်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ အားလုံးကို ဖျော်စက်ထဲထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။

၃။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်သားနှင့် အခြားပါဝင်ပစ္စည်းများ အားလုံးထည့်ပြီးနောက် အချဉ်ဆမ်းကာ သမအောင် သုပ်ပေးလိုက်ပါ။ ထို့နောက် ဆားအနည်းငယ်ထည့်ပြီး သံပုယိုသီး ညှစ်ထည့်ပေးလိုက်ပါ။ အရသာစပ်စပ်လေး စားချင်တယ်ဆိုပါက ငရုတ်သီးအနည်းငယ် ထည့်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ ရှူးရှူးရှဲရှဲလေးနဲ့ စားလို့ကောင်းတဲ့ ထိုင်းစတိုင်လ် ကြက်သားသုပ်လေးကို အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: pinchofyum.com