အားလုံးပဲ မင်္ဂလာပါ။ အားလပ်ရက်လေးမှာ အရသာရှိတဲ့ အမဲသား အစာသွပ် ငရုတ်ပွမီးကင် လုပ်စားချင်သူများအတွက် ဒီတစ်ခါမှာတော့ လွယ်ကူရိုးရှင်းတဲ့ ဟင်းချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

Oven ထဲမှာ ထည့်ကင်ထားရုံပဲမို့လို့ လူကိုယ်တိုင်အပင်ပန်းခံစရာမလိုပါဘူး။

ပါဝင်ပစ္စည်းများ

  • ငရုတ်ပွ ၆ ခု (အစိမ်း၊ အနီ၊ အဝါ၊ လိမ္မော် စသည်ဖြင့် အရောင်မတူတဲ့ငရုတ်ပွတွေကို ရွေးချယ်ထားပါ)
  • အမဲသား ၁ ပေါင်ခွဲခန့် (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ တစ်ဥ (ပါးပါးလှီးကာ နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ခရမ်းချဉ်သီး ၂၈ အောင်စခန့်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • နုပ်နုပ်စဉ်းထားသော နံနံပင် စားပွဲတင်ဇွန်း သုံးဇွန်းခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။

၂။ ငရုတ်သီးရဲ့ထိပ်ဖျားပိုင်းကို သုံးပုံတစ်ပုံခန့် လှီးဖြတ်လိုက်ပါ။ အထဲက ငရုတ်စေ့များကို ကုန်စင်အောင် ဖယ်ရှားလိုက်ပါ။ Oven ထဲထည့်မယ့် လင်ဗန်းပေါ်မှာ ငရုတ်ပွများကို တင်ထားလိုက်ပါ။ ခရမ်းချဉ်သီးများကို လေးထောင့်အတုံးငယ်များ တုံးထားလိုက်ပါ။

၃။ ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးကာ နုပ်နုပ်စဉ်းထားသော အမဲသားများကို ထည့်ကြော်လိုက်ပါ။

Source: ifoodreal.com

၄။ အမဲသားများ အညိုရောင်ပြောင်းသွားပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးတို့ကို ၇ မိနစ်၊ ၈ မိနစ်ခန့် ထည့်ကြော်လိုက်ပါ။

၅။ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ ဖြူးထည့်ကာ သမအောင် ထပ်ကြော်ပေးလိုက်ပါ။

၆။ ရရှိလာတဲ့ အမဲသားကြော်ကို ငရုတ်ပွထဲ ထည့်ထားလိုက်ပါ။ ထို့နောက် ငရုတ်ပွများကို ခဲဖတ်ဖြင့် အုပ်လိုက်ကာ Oven ထဲမှာ ၂၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။ ၂၅ မိနစ်ပြည့်ပါက အုပ်ထားသော ခဲဖတ်များကို ဖယ်လိုက်ကာ မိနစ် ၂၀ ခန့် ပြန်ထည့်ထားလိုက်ရပါမယ်။

အချိန်ပြည့်သွားပြီဆိုရင်တော့ အနံ့အရသာနဲ့ပြည့်စုံတဲ့ အမဲသားအစာသွပ် ငရုတ်ပွမီးကင်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Oven ထဲကထုတ်ကာ နံနံပင်များ ဖြူးပေးလိုက်ပါ။

ထို့နောက် ထမင်းနဲ့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Theblackpeppercorn.com