အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ ပြုလုပ်ရလွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ ဘယာကြော်လုံးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • စားတော်ပဲ (သို့) ကုလားပဲ ၁၆ အောင်စ
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၂ မြွှာ (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော နံနံပင် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြော်ရန် ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စားတော်ပဲ (သို့) ကုလားပဲများကို ရေအေးထဲတွင် တစ်ညခန့် စိမ်ထားပေးလိုက်ပါ။

၂။ ရေစိမ်ပြီးတဲ့အခါ ဒန်အိုးထဲတွင် ရေသန့်သန့်ဖြင့် ၅ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ ၅ မိနစ်ပြည့်ပါက မီးအပူချိန်ကို လျော့ချလိုက်ပြီး မီးအေးအေးဖြင့် တစ်နာရီခန့် တည်ထားရပါမယ်။

သတ်မှတ်ချိန်ပြည့်သွားပါက ပဲလုံးများကို ဆယ်ယူပြီး ၁၅ မိနစ်ခန့် အအေးခံပေးပါ။

၃။ ထို့နောက် ပြုတ်ထားသော ပဲများကို ပန်းကန်လုံးထဲထည့်ကာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နံနံပင်၊ ဇီရာမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

ထို့နောက် ဂျုံမှုန့်ထည့်ကာ သမအောင် ထပ်နယ်ပါ။ စာဖတ်သူတို့အနေနဲ့ လက်ဖြင့် မနယ်ချင်ပါက အစာကြိတ်စက်ထဲ ထည့်ပြီးလည်း မွှေပေးနိုင်ပါသေးတယ်။

၄။ ရရှိလာတဲ့ မုန့်နှစ်ကို ပင်ပေါင်ဘောလုံးအရွယ်အစားခန့် လုံးပေးလိုက်ပါ။

၅။ ဒယ်အိုးကိုအပူပေးပြီးနောက် ဆီ ထည့်ပါ။ ဆီပူလာပါက လုံးထားသော မုန့်နှစ်များထည့်ကာ ၅ မိနစ်၊ ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ရွှေညိုရောင် ပြောင်းသွားတဲ့အထိ ကြော်ပြီးသွားတဲ့နောက်မှာတော့ ဆီပူထဲက ဆယ်ယူကာ အအေးခံလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဘယာကြော်လုံးများ ရရှိသွားပါပြီ။

Source: Thespruceeats.com