အားလုံးပဲ မင်္ဂလာပါ။ မိမိအိမ်မှာ Oven တစ်လုံးလည်း ရှိတယ်။ ကိုယ်တိုင်ကိုယ်ကျ ကိတ်မုန့်ဖုတ်စားရတာကိုလည်း ဝါသနာပါတယ်ဆိုသူများအတွက် ဒီတစ်ခါမှာတော့ ကိတ်မုန့်သား နူးအိနေတဲ့ ထောပတ်ကိတ် ပြင်ဆင်ပြုလုပ်နည်း ကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ဗနီလာ လက်ဖ်ကရည်ဇွန်း ၁ ဇွန်း
  • ဘဲဥ (သို့) ကြက်ဥ ၄ လုံး
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၂၆ ဇွန်း

  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၃၂၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားလိုက်ပါ။ ကိတ်မုန့် ဖုတ်မယ့်လင်ဗန်းကိုတော့ ဆီဖြင့် သုတ်လိမ်းထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထောပတ်၊ ဗီနီလာနှင့် သကြားတို့ကို ခရင်မ်များဖြစ်သွားအောင် မွှေပေးလိုက်ပါ။ ၇ မိနစ်၊ ၈ မိနစ်ခန့်ကြာအောင် မွှေပြီးတဲ့နောက်မှာ ကြက်ဥ ၁ လုံးထည့်ပါ။ ထပ်မွှေပါ။ နောက်ထပ် ၁ လုံး ထပ်ထည့်ပြီး ထပ်မွှေပါ။ ထို့နောက် ကျန်တစ်လုံး ထပ်ဖောက်ထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

၃။ ထို့နောက် ဂျုံမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် ထပ်မွှေပေးလိုက်ပါ။

၄။ ရရှိလာတဲ့ မုန့်နှစ်ကို လင်ဗန်းထဲ လောင်းထည့်ပြီး မျက်နှာပြင် ညီညာအောင် ညှိပေးလိုက်ပါ။ ထို့နောက် Oven ထဲ ထည့်ကာ မိနစ် ၆၀၊ မိနစ် ၇၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၅။ သတ်မှတ်ချိန်ပြည့်ပါက သွားကြားထိုးတံ ထိုးထည့်ပြီး စမ်းသပ်ကြည့်ပါ။ သွားကြားထိုးတံက ကိတ်မုန့်နှစ်များ ပေကျံမနေဘူးဆိုရင်တော့ သင့်ကိတ်မုန့်က အသင့်စားသုံးနိုင်တဲ့အနေအထားသို့ ရောက်ရှိသွားပါပြီ။

၆။ ထို့နောက် ပန်းကန်ပြားထဲ ပြောင်းထည့်ကာ အအေးခံထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ်ကိတ်လေး ရရှိသွားပါပြီ။

Source: Spendwithpennies.com