အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ထမင်းကြော်ကြိုက်တဲ့သူတွေအတွက် ပုစွန် ထမင်းကြော်ကြော်နည်းကို မျှဝေပေးချင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေလည်းထည့်ပြီး ကြော်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ပုစွန် ၈ ကောင်ခန့်
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆီ
  • ကြက်ဥ ၃ လုံး (ခလောက်လိုက်ပါ)

  • ကြက်သွန်မြိတ် ၃ ချောင်း (တောက်တောက်စဉ်းပါ)
  • ထမင်း ၄ ခွက်
  • မုန်လာဥနီ၊ ပဲတီစိမ်း (မိမိနှစ်သက်ရာအသီးအရွက်ထည့်နိုင်ပါတယ်။)
  • ပဲငံပြာရည်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ပုစွန်ကို ရေသေချာဆေးပြီး ငရုတ်ကောင်းမှုန့်၊ ဆားတို့နဲ့ နယ်လိုက်ပါ။

အိုးကိုအပူပေးလိုက်ပြီး ဆီထည့်ပါ။

ပြီးရင် ပုစွန်ထည့်ကြော်လိုက်ပါ။

အဲဒီနောက် ပုစွန်ကို သတ်သတ်ဖယ်ထားလိုက်ပြီး ကြက်ဥကို ကြော်လိုက်ပါ။ အဲဒီနောက် ကြက်သွန်မြိတ်ကိုထည့်ပြီး ဆီသတ်လိုက်ကာ အသီးအရွက်ကိုထည့်လိုက်ပါ။ ပြီးရင်သေချာကြော်ပေးပြီး ထမင်းထည့်လိုက်ပါ။

အဲဒီနောက် ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည်ထည့်ပေးပြီး မွှေပေးလိုက်ပါ။

ပြီးရင် ကြက်ဥကြော်၊ ပုစွန်ကြော်တို့ကိုထည့်လိုက်ပြီး သေချာလေး မွှေပေးပါ။ ထမင်းကို နည်းနည်းလေးခြောက်အောင် ကြော်ပေးပြီးရင်ချလို့ရပါပြီ။

Source: www.simplyrecipes.com

www.damndelicious.net

By: MyFood Myanmar