အားလုံးပဲ မင်္ဂလာပါ။ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် ကြက်သားထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၅ လုံးစာ
  • ကြက်ရင်အုံသား ၁ တုံး (သို့) ကြက်ပေါင်သား ၂ တုံး (အတုံးသေးသေးများ တုံးထားလိုက်ပါ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်မြိတ် ၄ ပင် (ပါးပါးလှီးပြီးနောက် အဖြူနှင့် အစိမ်းကို သပ်သပ်ခွဲထားပါ)

  • ကြက်သွန်ဖြူ ၄ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)
  • မှို ၇ ပွင့် (အတုံးခပ်သေးသေး လှီးဖြတ်ထားပါ)
  • ပဲပြုတ် ပန်းကန်လုံး တစ်ဝက်စာ
  • ကြက်ဥ ၁ လုံး

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်နှင့် သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထမင်းများကို ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းဖြင့် နယ်ထားလိုက်ပါ။

၂။ ကြက်သားတုံးများကို ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် နယ်ထားလိုက်ပါ။

၃။ ဆော့စ်ပြုလုပ်ရန်အတွက် ကြက်ပြုတ်ရည်၊ ငါးငံပြာရည်၊ သံပုယိုရည်၊ ငရုတ်ကောင်းမှုန့်နှင့် သကြားတို့ကို ပန်းကန်လုံးအသေးတစ်လုံးတွင် သမအောင် မွှေထားလိုကပါ။

၄။ ဒယ်အိုးကိုအပူပေးကာ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်မြိတ် (ဖြူသောအစိတ်အပိုင်း)၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ထည့်ကာ ဆီသတ်ပါ။

၅။ တစ်မိနစ်ခန့် ဆီသတ်ပြီးနောက်မှာ ကြက်သားထည့်ပြီး ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၆။ ထို့နောက် မှိုနှင့် နံနံပင်တို့ထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဆီနည်းနေပါက ဆီအနည်းငယ် ထပ်ထည့်နိုင်သလို ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့် ထပ်ထည့်နိုင်ပါတယ်။

၇။ ထို့နောက် ထမင်းထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။ ပြီးရင်တော့ ဖျော်ထားတဲ့ဆော့စ်ကို စားပွဲတင်ဇွန်း ၁ ဇွန်း၊ ၂ ဇွန်းခန့်စီ ဖြည်းညှင်းစွာထည့်ပြီး ၆ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ကြော်ပေးလိုက်ပါ။

၈။ ထို့နောက် ပဲပြုတ်ထည့်ကာ သမအောင် မွှေကြော်ပြီးနောက် ထမင်းများကို ဒယ်အိုးဘေးဘက်သို့ ကပ်ကာ အလယ်တွင် အလွတ်ထားထားလိုက်ပါ။

၉။ ထိုလွတ်နေသော နေရာထဲသို့ ကြက်ဥဖောက်ထည့်လိုက်ပါ။

မီးပြင်းပြင်းဖြင့် ၂ မိနစ်ခန့် မွှေကြော်ပြီးတဲ့နောက်မျာတော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြက်သားထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com