ပါဝင်ပစ္စည်းများ
- ပဲကြီး ၂၀ သား
- ဆူးပုတ် အနည်းငယ်
- ကြက်သွန်နီ ၁ လုံး
- နနွင်းမှုန့်
- ငရုတ်သီးခြောက်
- ဆီ
- ဆား
- ရေ
ပြုလုပ်နည်း
- ပဲကြီး ၊ နနွင်းမှုန့် ၊ ဆားတို့ကို အိုးထဲတွင် ထည့်၍ ရေကို ဖုံးရုံသာ ထည့်၍ မီးအေးအေးဖြင့် တည်ပါ။ ပဲကြီး နူးလျင် မီးဖိုပေါ်မှ ချထားပါ။
- ဆူးပုတ်ရွက်ကို ရေနွေးပူပူထဲ ထည်၍ ရေနွေးဖျောပါ။
- ကြက်သွန်နီ ၁ လုံးကို ပါးပါးလှီး၍ ရေစိမ်ထားပါ။ သုတ်ခါနီးမှ ရေညှစ်ပါ။ ငရုတ်သီးခြောက်ကို ဆီနဲနဲ နှင့် ကြော်ထားပါ။
- ပန်းကန်ထဲတွင် ပြုတ်ထားသည့် ပဲကြီး၊ ကြက်သွန်နီ၊ ဆူးပုတ်တို့ကို ဆီစိမ်းနှင့် နှံ့စပ်အောင် သုတ်ပြီး ကြော်ထားသည့် ငရုတ်သီးခြောက်ကြော်ကို ဖြူး၍ သုံးဆောင်နိုင်ပါသည်။
- အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar