အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကြက်သားသုပ်စပ်စပ်လေး ပြင်ဆင်ပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၂ တုံး (သို့) ကြက်ပေါင် ၅ တုံး
  • ရေ ၁ လီတာခွဲ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်သီး ၁ တောင့် (ပါးပါးလှီးထားပါ)
  • ဆား အနည်းငယ်
  • နှမ်းစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပါးပါးလှီးထားသော နံနံပင် စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်ပေါင် (သို့) ကြက်ရင်အုံကို ဒန်အိုးထဲ ထည့်ပြီးနောက် ရေထည့်ပါ။ ကြက်သား ကျက်သွားသည်အထိ မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။

၂။ ရရှိလာတဲ့ ကြက်သားပြုတ်ကို ဆယ်ယူပြီးနောက် ကြက်သားကို နွှင်ထားပါ။

၃။ ဆော့စ် ပြုလုပ်ရန်အတွက် ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆား၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီး၊ နှမ်းစေ့၊ ပဲငံပြာရည်၊ ပန်းသီးရှာလကာရည်၊ ကြက်သားပြုတ်ရည်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၄။ နွှင်ထားသော ကြက်သားများကို ပန်းကန်လုံးအကြီးထဲသို့ ထည့်ပါ။ စောစောက ဆော့စ်များ ဆယ်ထည့်ကာ သမအောင် ရောနယ်ပါ။

နံနံပင်ထည့်ကာ သမအောင် ထပ်နယ်လိုက်ပါ။

အရသာအပေါ့အငန် မြည်းကြည့်ပြီးတဲ့နောက်မှာတော့ အရသာရှိတဲ့ ကြက်သားသုပ် စပ်စပ်လေး ရရှိသွားပါပြီ။

Source: Lightorangebean.com