ကြက်ကြော်စားရတာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုကာကိုလာအရသာ စိမ့်ဝင်နေတဲ့ ကြက်တောင်ပံကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၅၀၀ ဂရမ်
  • ကိုကာကိုလာ ၆၀၀ မီလီလီတာ
  • ဂျင်း ၁ တုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၄ ပင် (၂ ပင်ကို ပါးပါးလှီးထားပါ)
  • ဆားအနည်းငယ်

  • ဟင်းချက်ဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ငရုတ်သီးတောင့် အခြောက်တောင့် ၁ တောင့် (အစပ်မကြိုက်သူများက မထည့်လည်း ရပါတယ်)
  • လှော်ထားသော နှမ်းစေ့

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်းတစ်ဝက်ထည့်ပါ။ ပါးပါးလှီးထားသော ဂျင်း တစ်ဝက်နှင့် ကြက်သွန်မြိတ်တစ်ဝက်တို့ ထည့်ပြီးနောက် ကြက်တောင့်ပံထည့်ကာ ကြက်သားများ အညိုရောင်ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၂။ အခြားအိုးတစ်လုံးထဲသို့ ကိုကာကိုလာထည့်ပြီးနောက် ကျန်ရှိနေသော ဂျင်းပြားနှင့် ကြက်သွန်မြိတ် ထည့်ပြီး ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၃။ ရရှိလာတဲ့ ကိုကာကိုလာကို ကြက်သား ဒယ်အိုးထဲ လောင်းထည့်ပြီး ၁၀ မိနစ်ခန့် တည်ထားပါ။ ၁၀ မိနစ်ပြည့်ပါက ဂျင်းနှင့် ကြက်သွန်မြိတ်တို့ကို ဆယ်ယူပြီး နောက်ထပ် ၁၀ မိနစ် တည်ထားလိုက်ပါ။

၄။ ကိုကာကိုလာများ ကြက်သားထဲသို့ စိမ့်ဝင်ပြီး ခမ်းသွားသည်အထိ တည်ထားပေးရပါမယ်။ ကြက်သားများ အိုးမကပ်ဖို့ရန်အတွက် အဆက်မပြတ် မွှေပေးဖို့လိုပါတယ်။

၅။ ကိုကာကိုလာများ လုံးဝခမ်းသွားပြီဆိုရင်တော့ မီးပိတ်ကာ ပန်းကန်ပြားထဲ ပြောင်းထည့်လိုက်ပါ။ နှမ်းစေ့များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ ကိုကာကိုလာအရသာစိမ့်ဝင်နေတဲ့ ကြက်တောင်ပံကြော်လေး ရရှိသွားပါပြီ။

Source : Chinasichuanfood.com