ကိုယ်အလေးချိန် ကျချင်သူတွေအဖို့ အဆီအဆိမ့်တွေ ရှောင်ရ၊ အစားအသောက်ဆင်ခြင်ရနဲ့ အလုပ်ပိုတစ်ခုလိုဖြစ်နေလို့ စိတ်ညစ်နေပြီလား။ အရသာရှိရှိ စားသုံးရင်း ဝိတ်ချလို့ရတယ်ဆိုရင်ရော စိတ်ဝင်စားကြရဲ့လား။

စိတ်ဝင်စားတယ်ဆိုရင်တော့ အခုဆက်လက်ဖော်ပြပေးမယ့် ငှက်ပျောသီး ချောကလက် Smoothie ပြုလုပ်နည်းလေးကို ဆက်လေ့လာကြည့်လိုက်ပါဦး။ မနက်စာအဖြစ်လည်း သောက်သုံးနိုင်သလို ဗိုက်ဆာတဲ့အချိန်တွေမှာ အဆာပြေအနေနဲ့လည်း သောက်သုံးနိုင်တဲ့ Smoothie ဖျော်ရည်လေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီး ၁ လုံး
  • အုန်းနို့ ၂၅၀ မီလီလီတာ
  • ကိုးကိုးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းအမောက်
  • အုတ်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်းအမောက်
  • သစ်ခွရည် ၁ စက်၊ ၂ စက်ခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငှက်ပျောသီးကို အခွံခွာပြီးနောက် အနေတော် အတုံး တုံးထားပါ။

၂။ သစ်သီးဖျော်စက်ထဲသို့ ငှက်ပျောသီး၊ အုန်းနို့၊ ကိုးကိုးမှုန့်၊ အုတ်ဂျုံနှင့် သစ်ခွရည်တို့ထည့်ပြီး ဖျော်ရည်အနှစ်များ ရလာသည်အထိ ဖျော်စက်ကို မွှေပေးလိုက်ရပါမယ်။

၃။ ရရှိလာတဲ့ ဖျော်ရည်အနှစ်များကို ဖန်ခွက်ထဲ ပြောင်းထည့်ပြီးရင်တော့ အရသာရှိတဲ့ ငှက်ပျောသီး ချောကလက် Smoothie ဖျော်ရည်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: charlotteslivelykitchen.com