အားလုံးပဲ မင်္ဂလာပါ။ ကြက်ကြော် ကြော်စားတဲ့အခါ အချိုကြော်နဲ့ အစပ်ကြော်ပဲ ကြော်စားဖြစ်ကြတာ များပါတယ်။ ဒီတစ်ခါမှာတော့ အရသာထူးထူးခြားခြားလေးဖြစ်သွားအောင် အုန်းနို့အရသာလေးကဲပြီး ကြော်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၂ ပေါင်ခန့်
  • ဂျုံမှုန့်နှင့် ပေါင်မုန့်အကြေအစ အနည်းငယ်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ကြက်ဥ ၃ လုံး
  • ဆီနှင့် အုန်းသီးဖတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး တစ်လုံးထဲတွင် ဂျုံမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် မွှေထားပါ။ ဒုတိယပန်းကန်လုံးထဲတွင် ကြက်ဥ ၃ လုံးကို ခပ်ပြင်းပြင်း မွှေခလောက်ထားပါ။ တတိယ ပန်းကန်လုံးထဲတွင်တော့ အုန်းသီးဖတ်နှင့် ပေါင်မုန့်အကြေအစများကို သမအောင် ရောနယ်ထားပါ။

၂။ ကြက်သားတစ်တုံးချင်းစီကို ဂျုံမှုန့်နဲ့ကပ်ပါ၊ ကြက်ဥ ပန်းကန်ထဲ နှစ်ပြီးပါက ပေါင်မုန့် အုန်းသီးများနဲ့ ထပ်ကပ်ပေးလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပြီးနောက် ဆီပူလာပါက ကြက်သားတုံးများ ထည့်ကြော်ပေးလိုက်ပါ။ ကြက်သားတုံးများ ရွှေညိုရောင်ပြောင်းလာသည်အထိ (၆ မိနစ်မှ ၈ မိနစ်ခန့်) ကြော်ပေးရပါမယ်။ ကြော်ပြီးသော ကြက်သားများကို ဆီစင်အောင် စစ်ပြီးနောက် ပန်းကန်ထဲ ပြောင်းထည့်ထားလိုက်ပါ။

ကြက်သားတုံးများ အေးသွားပါက မိမိကြိုက်နှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့နဲ့ တွဲဖက်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: dinneratthezoo.com