အုန်းနို့ခေါက်ဆွဲကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ထိုင်းစတိုင်လ် အုန်းနို့ခေါက်ဆွဲပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်ရတဲ့အဆင့်တွေက ရိုးရှင်းတဲ့အတွက်ကြောင့် မိမိဘာသာအိမ်မှာပဲ အလွယ်တကူချက်ပြုတ်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲပြား ၁ ထုပ်
  • အုန်းနို့ရည် ၂၂၈ မီလီလီတာ
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၅ ဇွန်းခန့်
  • ရေ ၂၃၆ မီလီလီတာ
  • သံပုယိုသီးတစ်လုံး

  • ပန်းဂေါ်ဖီစိမ်း၊ မှိုအနည်းငယ်
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပုစွန် (မိမိကြိုက်နှစ်သက်သော အကောင်အရေအတွက်ကို အသုံးပြုနိုင်ပါတယ်)
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ပန်းဂေါ်ဖီနဲ့ မှိုများကို အနေတော်လှီးဖြတ်ထားပြီး ခေါက်ဆွဲကိုတော့ ရေနွေးပူထဲမှာ ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ထားပါ။

အုန်းဆီနဲ့ ဆားအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး ပုစွန်ကြော်လိုက်ပါ။ ပုစွန်များ မကျက်တကျက်အချိန်မှာ ငရုတ်နှစ်ထည့်ပြီး မွှေပေးလိုက်ပါ။ တစ်မိနစ်ခန့်မွှေပြီးနောက်မှာတော့ အုန်းနို့ရည်ထည့်လိုက်ပါ။ ပွက်ပွက်ဆူလာတဲ့နောက်မှာ ရေ၊ ခေါက်ဆွဲ၊ မှိုနဲ့ ပန်းဂေါ်ဖီစိမ်းတို့ထည့်ပြီး ၅ မိနစ်ခန့်ဆူအောင်တည်ပါ။ အချန်ပြည့်တဲ့နောက်မှာ ပျားရည်၊ သံပုယိုရည်နဲ့ ငါးငံပြားရည်တို့ထည့်ပြီး ဆူအောင်တည်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းပြီးလို့ မိမိသဘောကျနှစ်ခြိုက်သွားပြီဆိုရင်တော့ ပန်းကန်လုံးလေးထဲထည့်ကာ နှမ်းစေ့အမဲဖြူပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Kitchenbowl.com