အုန်းနို့ ငှက်ပျောသီးပေါင်မုန့် ပြုလုပ်ရတာက တကယ်တမ်းတော့ ခက်ခဲတဲ့အရာမဟုတ်ပါဘူး။ အဓိကပြုလုပ်ရမယ့် အဆင့် (၃) ဆင့်ကို မှန်မှန်ကန်ကန်ပြုလုပ်ပေးရုံနဲ့တင် အရသာရှိတဲ့ အုန်းနို့ ငှက်ပျောသီး ပေါင်မုန့်လေးကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငှက်ပျောသီးမှည့် ၄ လုံး
  • ကြက်ဥ ၂ လုံး
  • ထောပတ် ၁၁၅ ဂရမ်
  • ဗနီလာအရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  • မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်နှင့် မုန့်ဖုတ်ပေါင်ဒါလက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • အုန်းသီးဂျုံမှုန့် ၆၄ ဂရမ်
  • သစ်ကြမ်းပိုးခေါက် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
  • ဟင်းချက်စပရေး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ကိတ်မုန့်ဖုတ်မယ့် လင်ဗန်းကို ဆီစုပ်စက္ကူခံထားပြီး ဟင်းချက်စပရေးဖြန်းထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ငှက်ပျောသီးများကို ခက်ရင်းဖြင့် ချေမွလိုက်ပြီး အနှစ်ရအောင် ပြုလုပ်ပါ။ ထို့နောက် ကြက်ဥများ ဖောက်ထည့်ပြီး သမအောင် မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် ထောပတ်၊ ဗနီလာအရည်၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါ၊ သစ်ကြမ်းပိုးခေါက်နှင့် ဆားတို့ထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ ကိတ်မုန့်အနှစ်များကို စောစောက စပရေးဖြန်းထားသော ကိတ်မုန့်လင်ဗန်းထဲသို့ လောင်းထည့်ပြီး မျက်နှာပြင်ကို ညီညာအောင်ညှိပေးလိုက်ပါ။

ထို့နောက် Oven ထဲမှာ မိနစ် ၅၀ ခန့် ထည့်ဖုတ်လိုက်ပါ။ အချိန်ပြည့်ပါက Oven ထဲက ထုတ်ပြီး ၁၅ မိနစ်ခန့် အအေးခံထားလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပြီး အရွယ်အစားညီညီမျှမျှ ပိုင်းလိုက်ပါ။

ဒါဆိုရင်တော့ ကော်ဖီနဲ့ပဲဖြစ်ဖြစ်၊ နွားနို့ ဒါမှမဟုတ် အအေးနဲ့ပဲဖြစ်ဖြစ် တွဲဖက်စားသုံးနိုင်တဲ့ အုန်းနို့ ငှက်ပျောသီးပေါင်မုန့်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Ifoodreal.com