အားလုံးပဲ မင်္ဂလာပါ။ ကွက်ကီးချစ်သူများအတွက် ဒီတစ်ခါမှာဝေမျှပေးချင်တဲ့ ချက်ပြုတ်နည်းလေးကတော့ အုန်းသီး ချောကလက်ကွက်ကီးပြုလုပ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းလေးတွေကို စူပါမားကတ်တွေမှာ အလွယ်တကူရှာဝယ်နိုင်တာကြောင့် ကွက်ကီးချစ်သူများအနေနဲ့ မိမိအိမ်မှာ ကွက်ကီးများကို ကိုယ်တိုင်ကိုယ်ကျပြုလုပ်နိုင်ပါပြီနော်။

ပါဝင်ပစ္စည်းများ

• အုန်းသီးဂျုံမှုန့် ၉၆ ဂရမ်
• မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
• ဆား လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
• ထောပတ် ၁၁၅ ဂရမ်
• ကြက်ဥ တစ်လုံးနှင့် ကြက်ဥ အနှစ် တစ်လုံး

• ချောကလက်အမဲ ၉၀ ဂရမ် (အနေတော် အတုံးတုံးထားပါ)
• အုန်းသီးဖတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ Oven ထဲထည့်မယ့် လင်ဗန်းကို ဆီစုပ်စက္ကူခံထားလိုက်ပါ။

၂။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် အုန်းသီးဂျုံမှုန့်၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ ထည့်ပြီး သမအောင် မွှေထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးအကြီးတစ်လုံးထဲမှာ ထောပတ်နှင့် သကြားတို့ထည့်ပြီး မွှေခလောက်လိုက်ပါ။ ကြက်ဥထည့်ပါ။ ထပ်မံမွှေခလောက်ပါ။ ကြက်ဥအနှစ်ထည့်ပါ။ ထပ်မံမွှေခလောက်ပေးလိုက်ပါ။

၄။ ထို့နောက် ပန်းကန်လုံးအသေးထဲက ဂျုံမှုန့်အရောအနှောများကို ကြက်ဥပန်းကန်ထဲသို့ထည့်ကာ ဇွန်းဖြင့် သမအောင် မွှေပေးလိုက်ပါ။

၅။ ချောကလက်နှင့် အုန်းသီးဖတ်များထည့်ပြီး ထပ်မွှေပေးလိုက်ပါ။

၆။ ထို့နောက် ကွတ်ကီးအရွယ်အစားခန့် လုံးပြီးနောက် ပြားသွားအောင် လက်ဖဝါးဖြင့် အသာအယာဖိပေးလိုက်ပါ။ ထို့နောက် Oven ထဲတွင် ၁၂ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

၁၂ မိနစ်ပြည့်သွားတဲ့အခါမှာတော့ စားချင်စဖွယ်အရောင်နှင့် အနံ့အရသာအဖြစ် ပြောင်းသွားတဲ့ အုန်းသီး ချောကလက်ကွက်ကီးလေး ရရှိသွားပါပြီ။

Source: Thespruceeats.com