အားလုံးပဲ မင်္ဂလာပါ။ တစ်နေ့ထက်တစ်နေ့ ပူပြင်းလာတဲ့ အပူရှိန်ကို အားလုံးပဲ သတိထားမိကြမှာပါ။
ပူအိုက်တဲ့နေ့လည်နေ့ခင်လေးမှာ သီးစုံသုပ်အအေးစာလေးကို စားသုံးလိုက်မယ်ဆိုရင် ရင်ထဲကို အေးမြသွားစေမှာပဲဖြစ်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငှက်ပျောသီး ၁ လုံး
- ပန်းသီး ၁ လုံး
- သံပုရာသီး ၁ လုံး
- စတော်ဘယ်ရီ ၁၀ လုံး
- ဘလူးဘယ်ရီသီးအနည်းငယ်
- အနေတော်တုံးထားသော သခွားမွှေး ပန်းကန်လုံးတစ်ခွက်ခွဲစား
- လိမ္မော်သီး ၁ လုံး
- စပျစ်သီး ၁၀ လုံး
- အုန်းသီးဖတ်အနည်းငယ် (အုန်းသီးမကြိုက်ပါက မထည့်လည်း ရပါတယ်)
ပြုလုပ်နည်းအဆင့်ဆင့်
ငှက်ပျောသီးကို လက်မဝက်အထူ လှီးဖြတ်ထားပါ၊ ပန်းသီးကို အနေတော် အတုံးတုံးထားပါ။ သံပုရာသီးကို အရည်ညှစ်ထားပါ။
စတော်ဘယ်ရီကို အညှာဖယ်ပြီးနောက် အတုံးသေးသေး တုံးထားပါ။ လိမ္မော်သီးကို အခွံခွာပြီးနောက် အတုံးခပ်သေးသေး ဖဲ့ထားပါ။ စပျစ်သီးကို ထက်ခြမ်းစီ ခြမ်းထားလိုက်ပါ။
အလယ်အလတ်ပန်းကန်လုံး တစ်လုံးထဲတွင် ငှက်ပျောသီးနဲ့ ပန်းသီးတို့ထည့်ပြီးနောက် သံပုရာရည်ဆမ်းကာ သမအောင် ရောမွှေပေးလိုက်ပါ။
အခြားပန်းကန်လုံးအကြီးထဲတွင် ကျန်ရှိနေသော သစ်သီးအားလုံးထည့်ပြီး မွှေပေးလိုက်ပါ။ ထို့နောက် စောစောကမွှေထားသော ငှက်ပျောသီးနဲ့ ပန်းသီးတို့ ထပ်ထည့်ကာ ဇွန်းနဲ့ ထပ်မွှေပေးလိုက်ပါ။
အုန်းသီးဖတ်များကို သစ်သီးများပေါ် ဖြူးပေးလိုက်ပါ။
ရရှိလာတဲ့ သစ်သီးသုပ်ကို အေးအေးလေးစားချင်ပါက ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားလိုက်ပါ (အအေးမခံဘဲ ချက်ချင်းသုံးဆောင်ချင်လည်း ရပါတယ်)။
အအေးခံပြီးတဲ့အခါမှာတော့ နွေရာသီရဲ့အပူရှိန်ကို အံ့တုပေးနိုင်တဲ့ ရင်ခွင်အစုံကို အေးမြသွားစေမယ့် သစ်သီးသုပ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: couponclippingcook.com