ရိုးရှင်း ပြီး အရသာထူးတဲ့ဟင်းလျှာဖြစ်တဲ့အပြင် အာဟာရတန်ဘိုးလည်းကြီးပါတယ်..ရေချိုပုစွန်ထုပ် ကို မြန်မာ့ရိုးရာဟင်းခတ်အမွှေး အကြိုင်တွေနဲ့ဆီသတ်ပြီး အုန်းနို့အနည်းငယ် နဲ့ချက်ထားတာမို့အနံ့အရသာထူးမှာအသေအချာပါဘဲ..အုန်းနို့ကိုငရုပ်သီးဆီ သတ်ပြီးတာနဲ့ထည့်ချက်ပြီး အုန်းနို့အဆီပြန်တဲ့အထိ ချက်ပြီးမှ ရေချိုပုစွန်ထုပ် ကိုထည့်ချက်တာမို့အိစိမ့်နေအောင်အရသာ တွေ့စေမှာပါ
ပါဝင်ပစ္စည်းများ
- ရေချိုပုစွန်တုပ် – ၃ ကောင်
- အုန်းနို့ – ၃ ဇွန်း
- ချင်း – အနည်းငယ်
- နံနံပင် – အနည်းငယ်
- ငရုတ်သီးစိမ်း – အနည်းငယ်
- ဆလတ်ရွက် – အနည်းငယ်
- ကြက်သွန်နီ – ၁ လုံး
- ကြက်သွန်ဖြူ – ၅ တက်
- ငရုတ်သီးခြောက် – ၃ တောင့်
- ပဲဆီ – ၃ ဇွန်း
- ကြက်သားမှုန့် – ၁ ဇွန်း
- ငါးငံပြာရည် – ၁ ဇွန်း
- နနွင်းမှုန့် – ၁ ဇွန်း
- ဆား – ၁ ဇွန်း
- ငရုတ်တောင်းမှုန့် – အနည်းငယ်
- ရေသန့် – ၅၀၀ မီလီလီတာ
ပြုလုပ်နည်း
- ပုစွန်ထုပ်ကို သန့်စင်ပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်ပွခြောက်တို့ကို ကျေညက်စွာထောင်းပါ။
- အိုးထဲသို့ ဆီ၊ ငရုတ်သီးအနှစ်၊ နနွင်းမှုန့်တို့ဖြင့် ဆီသတ်ပြီး သန့်စင်ထားသော ပုစွန်ထုပ်ကိုထည့်ပါ။
- အရသာအတွက် ငါးငံပြာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ နံနံပင်အရိုး၊ ရေသန့်တို့ဖြင့် ရေခမ်းအောင်တည်ပါ။
- အပြီးသတ်တွင် နံနံပင်၊ ငရုတ်သီးစိမ်း အနည်းငယ်အုပ်၍ သုံးဆောင်နိုင်ပါသည်။