အလှူမင်္ဂလာပွဲတွေမှာ အချိုပွဲအနေနဲ့ အမြဲတမ်းဧည့်ခံလေ့ရှိတဲ့ ကျောက်ကျောကို ပုံမှန်ဆိုရင် အုန်းနို့တစ်မျိုးတည်းနဲ့ပဲ စားဖူးကြမှာဆိုပေမယ့်လည်း ဒီတစ်ခါမှာတော့ အရသာလေးတစ်မျိုးပြောင်းပြီး စားကြရအောင်နော်။ ကော်ဖီအရသာလေးလည်းပါတော့ ကော်ဖီချစ်သူများအတွက် အကောင်းဆုံးပဲပေါ့။
ပါဝင်ပစ္စည်းများ
- ကျောက်ကျော – ၂၅ ဂရမ် အသေးတထုပ်
- သကြား – ၂၀ သား
- ကော်ဖီမှူန့် ထမင်းစားဇွန်း – ၄ ဇွန်း
- အုန်းနို့ 400 ml (သို့) နို့စိမ်းဗူးကြီး – ၂ ဗူး
- ဆား
- လက်ဖက်ဇွန်း -၂ ဇွန်း
- ရေနွေး100 ml ခန့် – တစ် ခွက်
- ရေသန့် – 200 ml
ပြုလုပ်ပုံ အဆင့်ဆင့်
- ပထမဦးစွာ ကျောက်ကျောမှုန့်၊ သကြား၊ အုန်းနို့၊ ဆားတို့ကို သမအောင် ရောမွှေပြီး ၂အိုးခွဲပါ။ ကော်ဖီမှူန့်ကို ရေနွေးနဲ့ ဖျော်ပြီး ၂အိုးထဲမှ တစ်အိုးသို့ ရောထည့်ပါ။
- ပထမ ကော်ဖီပါတဲ့အိုးကို မီနစ်၂၀ခန့် အရင်ကျိုပြီး ဗန်းထဲ လောင်းထည့်ကာ အအေးခံပြီး ဒုတိယ အုန်းနို့ရည် အဖြူရောင်အိုးကို မီနစ်၂၀ခန့် ဆက်ကျိုကာ ပထမ ကော်ဖီ လောင်းထားတဲ့ အပေါ်ကို ထပ်လောင်းကာ အအေးခံပြီး လှီးဖြတ် စားသုံးနိုင်ပါပြီ။
Credit: Thida Lay Lay