ရာသီဥတုပူတဲ့အချိန် အိမ်မှာမိသားစုနဲ့အတူ ရေခဲမုန့်လုပ်စားကြည့်ပါ။ တော်တော်များများကလည်း ချောကလက်ကြိုက်ကြတယ်၊ ကော်ဖီကြိုက်ကြတယ်ဆိုတော့ ဒီတစ်ခါမှာ ကော်ဖီချောကလက် ရေခဲမုန့်လုပ်နည်းကို မျှဝေပေးချင်ပါတယ်။ လုပ်ရတာလည်း မခက်ခဲတဲ့အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပထမဆုံးအနေနဲ့ dark chocolate – ၁၀၀ ဂရမ်ကို သေးသေးလေးတွေ လှီးပြီးနုတ်နုတ်ဆင်းပြီး ပန်းကန်လုံးထဲထည့်ပါ။ နောက်ထပ်ပန်းကန်လုံးထဲကိုတော့ ကော်ဖီမှုန့် – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ရေနွေးပူ – စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်မွှေပါ။ ပန်းကန်လုံးအကြီးထဲကို heavy cream – ၃၅၀ မီလီလီတာထည့်ပြီး မွှေစက်နဲ့ပျစ်သွားတဲ့အထိ မွှေပေးပါ။ နို့ဆီ – ၁၂၀ ဂရမ်ထည့်ပြီး မွှေစက်နဲ့ ၁ မိနစ်လောက် ထပ်မွှေပေးပါ။ ပြီးရင် ခုနကလုပ်ထားတဲ့ ကော်ဖီထည့်ပြီး ထပ်မွှေပါ။ နောက်ဆုံးမှာမှ လှီးထားတဲ့ချောကလက်တွေထည့်ပြီး ဇွန်းနဲ့မွှေပါ။ အားလုံးပြီးရင် ရေခဲမုန့်လုပ်တဲ့ခွက်တဲ့ထည့်ပြီး အပေါ်ကနေ ချောကလက်လေးတွေ ထပ်ဖြူးပြီး အပေါ်ကနေ ပလတ်စတစ်နဲ့ အုပ်ပါ။ ပြီးရင်တော့ ရေခဲသေတ္တာထဲမှာ အနည်းဆုံး ၄ နာရီကြာအောင် ထည့်ထားပေးပါ။ အချိန်ပြည့်ရင်တော့ ကိုယ်စားမယ့်ပန်းကန်ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။ ဒါဆိုရင်တော့ ကော်ဖီချောကလက် ရေခဲမုန့်ကို ရရှိသွားပါပြီ။ Source: www.thythan https://youtu.be/EKeF7pAZQ50?t=2