ဒီတခါမှာတော့ Desserts တွေထဲမှာ နာမည်ကြီးတဲ့ ကော်ဖီ ဂျယ်လီလေးလုပ်စားရအောင်။

ဒီကော်ဖီ ဂျယ်လီလေးက ကော်ဖီမကြိုက်တတ်သူတွေတောင် ကြိုက်ကြပါတယ်။

ပါဝင်ပစ္စည်းများ

  • Unflavored Gelatin 1 အောင်စ
  • ရေ 236.588 မီလီ လီတာ
  • Instant Coffee 0.5 tablespoons (Instant Coffee မသုံးချင်ရင် ကော်ဖီမှုန့်ကို နှပ်ပြီး ခါးခါးလေးဖျော်လည်းရပါတယ်။)

  • သကြား 0.13 Cup
  • နို့ဆီ 14 အောင်စ
  • ခရမ်နွားနို့ (12.8 အောင်စ)

ပြုလုပ်နည်း

ဒယ်အိုးထဲမှာ ရေ ၃ခွက်စာထည့်ပြီး ဆူအောင်တည်ပါ။ Instant Coffee ကို ဖောက်ထည့်၊ သကြားကိုထည့်ပါ။ ပျော်အောင်မွှေပါ။

အိုးတစ်လုံးထဲမှာ Gelatin အမှုန့်ကိုထည့်ပြီး ရေအေး ၁ ခွက် စာကိုထည့်ပါ။ ၁ မိနစ်လောက် ငြိမ်အောင် စောင့်ပြီးထားပါ။

၂ခုလုံးကို မွှေလိုက်ပါ။ ကျောက်ကျောလို ဗန်းထဲကို ထည့်ပြီး ရေခဲသေတ္တာထဲထည့်ပြီး ၂ နာရီ ၃ နာရီထားလိုက်ပါ။

ကျောက်ကျောလို အတုံးလေးတွေ လှီးလိုက်ပါ။

နို့ဆီ၊ ခရင်မ်၊ နွားနို့ရယ်ကို မွှေလိုက်ပါ။

ခွက်တစ်ခွက်ထဲထည့်ပြီး နို့ဆီ၊ခရမ် နွားနို့မွှေထားတာကို ထည့်လိုက်ပါ။ ထိပ်ပိုင်းမှာ ခရမ်ကို သဘောကျရင် topping အနေနဲ့ထည့်လိုက်ပါ။ အေးနေတုန်း စားပေးပါ။