ဝက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ကိုကာကိုလာနဲ့ သေသေချာချာ နူးအိနေအောင် ချက်ထားတဲ့ ဝက်သုံးထပ်သားဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား သုံးထပ်သား ၂ ပေါင်ခွဲ (အနေတော်အတုံး တုံးထားပါ)
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ဓားပြားရိုက်ကာ ပါးပါးလှီးပါ)
  • ကိုကာကိုလာ စားပွဲတင်ဇွန်း ၂၄ ဇွန်း

  • ငရုတ်ကောင်းစေ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပျဉ်းတော်သိမ် ၄ ရွက်
  • ဆားနှင့် ရေ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဝက်သားတုံးများထည့်ကာ ဝက်သားများ အညိုရောင်ပြောင်းသွားသည်အထိ အပူပေးပါ။ ဝက်ဆီများ ထွက်လာတာကို တွေ့မြင်ရပါလိမ့်မယ်။

၂။ ထို့နောက် ဝက်သားတုံးများကို ဒယ်အိုးတစ်ဖက်မှာ စုထားပါ။ ကြက်သွန်ဖြူနှင့် ဂျင်းထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။ ပြီးမှ ဝက်သားနဲ့ ကြက်သွန်ဖြူတို့ကို သမအောင် ရောမွှေပြီး ၁ မိနစ်ခန့် ချက်ပြုတ်ပါ။

၃။ ပဲငံပြာရည်နှင့် ရှာလကာရည်တို့ထည့်ကာ ၂ မိနစ်ခန့် ဆူပွက်လာအောင် တည်ပါ။ မကြာခဏ မွှေပေးဖို့လိုပါတယ်။

၄။ ငရုတ်ကောင်းစေ့နှင့် ပျဉ်းတော်သိမ်အရွက်များ ထည့်ပါ။ ကိုကာကိုလာ ထည့်ပြီးနောက် အိုးအဖုံးအုပ်ကာ မီးအေးအေးဖြင့် တည်ပါ။ လိုအပ်ပါက ရေအနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

၅။ ဝက်သားများ နူးအိလာသည်အထိ တည်ပေးလိုက်ပါ။ လိုအပ်ပါက ဆားအနည်းငယ် ထပ်ထည့်ပါ။

ဝက်သားများ နူးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်သုံးထပ်သားဟင်းလျာလေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com