သာကူကော မုန့်လုံးရေပေါ်ပါ။ နှစ်ခုလုံး ကြိုက်သော သူများအတွက် မုန့်လုံးရေပေါ် တစ်လုံးစားရုံနဲ့ ပြည့်စုံအောင် စည့်ရဲ့ တီထွင်မှုအသစ်လေးနဲ့ သင်္ကြန်မှာ ၂ ခုပေါင်း တစ်မျိုးလေး ကုသိုလ်ယူလို့ ရအောင် ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ (အလုံး ၂၀ လုံး နှုန်း)
အုပ်စု (က)
- ကောက်ညှင်းဆန်မှုန့် – ၁ ခွက် (မုန့်ဖုတ်လျှင် တိုင်းသောခွက်)
- ဆန်ကြမ်းမှုန့် – ၁ ဇွန်း (လက်ဖက်ဇွန်း)
- ရေ – ၁ ခွက် (အတိုး အလျော့လုပ်ပေးပါ)
အုပ်စု (ခ)
- သာကူရောင်စုံ – တစ်ဝက် ခွက် (မုန့်ဖုတ်ရန် တိုင်းသောခွက် ၊ ရေစိမ်ထားပါ)
- ထန်းလျက် – ၅ ခဲ (၄ ခြမ်းခြမ်းထားပါ)
ပြုလုပ်နည်း
- ခြောက်သွေ့သော ဖန်ပုကန်လုံး အကြီးထဲ ကို အုပ်စု (က) ပစ္စည်းများ အားလုံးထည့်နယ်ပါ ။ စေးပြီး မုန့်အနှစ်များ လက်မှာ မကပ်လျှင် ရပါပြီ။ ဖန်ဇလုံထဲ သာကူရောင်စုံ ကို ပွယုံလေး ၁ မိနစ်လောက်ပဲ စိမ်ပေးပါ ။ ပြီးလျင် ဇကာဖြင့် ရေစင်အောင်စစ်ထားပါ ။ ဗန်းအပြန့် ထဲဖျန့်ချထားပါ ။
- မုန့်နှစ်များကို လိုသလို အနေတော် အလုံးလေးတွေလုံးပါ။ အထဲမှာ ထန်းလျက် အစာသွပ်ပြီး လုံးနေအောင် လုံးပါ ။ ရလာသော မုန့်လုံးကို သာကူရောင်စုံဗန်းထဲ ထည့်ပြီး နှံ့အောင် လှိမ့်ပေးပါ ။
- စောက်နက် အိုးကြီးကြီးထဲကို ရေဆူအောင် တည်ပါ ။ ရေဆူ လာလျှင် သာကူ အုပ်ထားသော မုန့်လုံးလေးများ ထည့်ပါ ။ အိုးထဲ အများကြီး မထည့်ပါနဲ့ အိုးကျပ်သွားလျှင် မကျက်တာမျိုး ဖြစ်သလို ဆယ်ရတာလဲ ခက်ပါတယ် ။
- ဇလုံ အကြီးထဲမှာ ရေခဲရေထည့် ထားပါ ။ ကျက်ပြီး ရေပေါ် ပေါလာသော မုန့်လုံးရေပေါ်များ ကိုရေခဲရေထဲ ဆယ်ထဲ့ပါ ။
- မုန့်လုံးများကို ရေစစ်ပြီး အအေးခံ ထားပါ ။ သုံးဆောင်ရန် ပုကန်ထဲ ထည့်ပြီး အသင့် သုံးဆောင်လို့ ရပါပြီ ။
***မှတ်ချက် – အုန်းသီး ကြိုက်သူများ အတွက် အုန်းသီး ခြစ်မှုန့်များ ဖြူးသုံးဆောင် နိုင်ပါတယ် ။
Credit : Syifoodgardens