ကိတ်ကြိုက်တဲ့သူတွေနဲ့ ကော်ဖီကြိုက်တဲ့သူတွေအတွက် အိမ်မှာ ကိုယ်တိုင်အလွယ်လုပ်စားလို့ရအောင် အရသာရှိတဲ့ နို့ကော်ဖီကိတ် အလွယ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

ကြိုပြီးသားနွားနို့အပူ – ခွက်တစ်ဝက်စာကို ပန်းကန်လုံးထဲထည့်ပါ။ ကော်ဖီမှုန့် (Instant coffee) – စားပွဲတင်ဇွန်း ၁ ဇွန်းမွှေထည့်ပါ။ ပြီးရင် အအေးခံထားလိုက်ပါ။

ပန်းကန်လုံးအကြီးထဲကို powder sugar – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ပါ။ ဆီ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ နို့ဆီ – ခွက်တစ်ဝက်စာထည့်ပြီး သမအောင်နယ်ပါ။

သမအောင်နယ်ပြီးရင် ဂျုံမှုန့် – ခွက်တစ်ခွက်စာ၊ baking powder – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ baking soda – လက်ဖက်ရည်ဇွန်းတစ်ဝက်တို့ကို ဇကာနဲ့စစ်ချပြီး ထည့်ပါ။ ပြီးရင်တော့ သမအောင်နယ်ပေးပါ။ သမအောင်နယ်ပြီးရင် ခုနကဖျော်ပြီးအအေးခံထားတဲ့ ကော်ဖီတွေကို ထည့်ပြီး နယ်ပါ။

သေချာသမအောင်နယ်ပြီးရင် ၆ လက်မ Pan ထဲကို ဆီနည်းနည်းသုတ်ပြီး နယ်ထားတာတွေ ထည့်ပါ။ ပြီးတာနဲ့ အိုးထဲကိုထည့်ပြီး ပေါင်းပါမယ်။ အပူရှိန်လျှော့ပြီး မိနစ် ၄၀ လောက် ထည့်ပေါင်းထားပါ။ မုန့်ဖုတ်စက်ရှိရင်တော့ မုန့်ဖုတ်စက်ထဲထည့်ပြီး ၄၅ မိနစ်လောက် ထည့်ထားလိုက်ရင် ရပါပြီ။

အချိန်ပြည့်ရင် အလယ်ကို သွားကြားထိုးတံလေးနဲ့ ထိုးကြည့်ပြီး ကိတ်သားရလာပြီ၊ အဆင်ပြေပြီဆိုရင် Pan ထဲကထုတ်ပြီး ကိုယ်အဆင်ပြေသလို လှီးစားနိုင်ပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ နို့ကော်ဖီကိတ်ကို ရရှိသွားပါပြီ။

Source: www.yummy.com