အားလုံးပဲ မင်္ဂလာပါ။ အစားအသောက်ခုံမင်တဲ့ Foodies လေးတွေအတွက် ဒီတစ်ခါပြောပြပေးချင်တဲ့ ချက်ပြုတ်နည်းလေးကတော့ ချိစ်အရသာကဲထားပြီး ပြောင်းဖူးလေးတွေ ထည့်ကြော်ထားတဲ့ အာလူးလုံးပြုလုပ်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။ ပိတ်ရက်လေးမှာ သူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ လွယ်လွယ်ကူကူလုပ်စားလို့ရမယ့် အာလူးလုံးပြုလုပ်နည်းလေးကို အတူတူလေ့လာကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံး ခပ်ကြီးကြီး ၅ လုံး

  • ပြောင်းဖူး ၁၀၀ ဂရမ်
  • ဒိန်ခဲ ၄ တုံးခန့်
  • ချင်း အတုံးသေး ၂ တုံး

  • ကြက်သွန်မြိတ် ၄ ချောင်း (သို့) ၅ ချောင်းခန့်
  • ငရုတ်ကောင်းမုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်
  • ဂျုံမုန့် ပန်းကန်လုံး ၃ လုံး
  • ဆားအနည်းငယ်
  • ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

Photo Source: madhuvanbar.com

ပြောင်းဖူးများကို ပြုတ်ပြီးနောက် ရေအေးထဲမှာ စိတ်ထားလိုက်ပါ။ ထို့နောက် ပြောင်းဖူးစေ့များကို ချွေထားလိုက်ပါ။

Photo Source: breadboozebacon.com

အာလူးများကိုလည်း ပြုတ်ပြီးနောက် အခွံခွာလိုက်ပါ။ အာလူးများ ပူနေတုန်းမှာပဲ ခက်ရင်းနဲ့ အာလူးများကို ချေလိုက်ပါ။

ချွေထားသော ပြောင်းဖူး၊ ပါးပါးလှီးထားသော ဒိန်ခဲ၊ ချင်း၊ ကြက်သွန်မြိတ်နှင့် ဆား၊ ငရုတ်ကောင်းတို့ကို ချေထားသော အာလူးနဲ့ ရောနယ်လိုက်ပါ။ ထို့နောက် အနေတော်အလုံးများ လုံးလိုက်ပါ။ ပြီးရင် ဂျုံအနှစ်ထဲ ထည့်နှစ်လိုက်ပြီး ဆီပူထဲမှာ ရွှေရောင်သမ်းလာတဲ့အထိ ကြော်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အာလူးကြိုက်နှစ်သက်သူများအတွက် ချိစ်အရသာလေး ပါဝင်တဲ့ ပြောင်းဖူး အာလူးကြော်လုံးလေးကို ရရှိသွားပါလိမ့်မယ်။

Source: www.hungryforever.com