အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ မနက်စာအဖြစ် စားသုံးနိုင်တဲ့ ကြက်ဥ အမဲသားမွကြော်ပါဝင်တဲ့ ထမင်းကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြုတ်ထားသော အမဲသား ၁၂ အောင်စခန့်
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပြားနေအောင် ထောင်းထားပါ)
  • ထမင်းကြော် လူသုံးယောက်စာ
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

  • ကြက်ဥ ၃ လုံး
  • အမဲပြုတ်ရည် ၂၅၀ မီလီလီတာခန့်
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ကြက်ဥ ၃ လုံးကို Half-Fried ကြော်လိုက်ပါ။ ကြက်ဥ Half-Fried များကို ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၂။ ကျန်ရှိနေတဲ့ဆီထဲသို့ ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်နီ ထပ်ထည့်ပြီး ဆီထပ်သတ်ပေးပါ။

၃။ အသားနွှင်ထားသော အမဲသားများကို ဒယ်အိုးထဲထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးရပါမယ်။ အမဲပြုတ်ရည်များကို အိုးထဲထည့်ပြီး ၃ မိနစ်ခန့် တည်ပေးလိုက်ပါ။ အရည်ခမ်းသွားပါက ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ထမင်းကြော် ပန်းကန်လုံးတစ်လုံးစာခန့် ထည့်လိုက်ပါ။ ထမင်းကြော်ဘေးနားတွင် ကြက်ဥကြော် တစ်လုံးနှင့် အမဲသားမွကြော်များ အစီအရီထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ကြက်ဥ အမဲသားမွကြော်ပါဝင်တဲ့ ထမင်းကြော်လေးကို မြိန်ယှက်စွာ စားသောက်နိုင်ပါပြီ။

မိမိတစ်ဦးတည်းစာအတွက်ပဲ ပြင်ဆင်ချက်ပြုတ်နိုင်သလို အိမ်သူအိမ်သားတွေအတွက်လည်း တစ်ပါတည်း ပြင်ဆင်လို့လည်းရတဲ့အတွက်ကြောင့် လူအရေအတွက်ပေါ် မူတည်ပြီး ကြက်ဥနဲ့ ထမင်းကြော် ပမာဏများ ကွဲပြားသွားပါလိမ့်မယ်။

Source: panlasangpinoy.com