အားလုံးပဲ မင်္ဂလာပါ။ အမဲသား Steak ကို အရသာရှိရှိ စားသုံးချင်သူများအတွက် မုန့်နှစ်ကောင်းကောင်းစပ်ထားပြီး ကြော်ထားတဲ့ အမဲသား Steak ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ်နို့ စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • အမဲသားပြား ၄ ပြား (၆ အောင်စခန့်)

  • ဂျုံမှုန့် ပန်းကန်လုံး ၂ လုံးစာ
  • ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နှင့် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း
  • ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • အမဲပြုတ်ရည် စားပွဲတင်ဇွန်း ၂၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ထောပတ်နို့၊ ကြက်ဥ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို သမအောင် ရောနယ်ထားလိုက်ပါ။ ထို့နောက် အမဲသားပြားများကို ထိုဖျော်ရည်ထဲထည့်ကာ စိမ်ထားလိုက်ပါ။ အဖုံးအုပ်ထားပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၁ နာရီမှ တစ်ညတာခန့် ထည့်ထားရပါမယ်။

အမဲသားပြားများ နို့ရည်ထဲတွင် မြှုပ်နေဖို့ လိုပါတယ်။

၂။ ဇောက်နက်သော ပန်းကန်ပြားတစ်ချပ်ထဲတွင် ဂျုံမှုန့်၊ ကျန်ရှိနေသော ဆားနှင့် ငရုတ်ကောင်းမှုန့်၊ ကြက်သွန်နီမှုန့်နှင့် ငရုတ်သီးမှုန့်တို့ကို သမအောင် ရောနယ်ထားလိုက်ပါ။

၃။ ထို့နောက် အမဲသားပြားများကို နို့ရည်ထဲက ဆယ်ယူပြီး အမဲသားပြား နှစ်ဖက်စလုံးကို ဂျုံမှုန့် ကပ်ပါ။ နို့ရည်ထဲသို့ ပြန်ထည့်ပါ။ ထို့နောက် အမဲသားပြား နှစ်ဖက်စလုံးကို ဂျုံမှုန့် ပြန်ကပ်ပါ။ ထို့နောက် နို့ရည်ထဲ ပြန်ထည့်ပါ။ ဂျုံမှုန့် ပြန်ကပ်ပါ။

ကျန်ရှိနေသော အမဲသားပြားများကို အထက်ဖော်ပြပါနည်းအတိုင်း သုံးကြိမ်တိုင်တိုင် ပြုလုပ်ပေးရပါမယ်။

၄။ မုန့်နှစ်ကပ်ထားသော အမဲသားပြားများကို ဇကာတစ်ခုခံထားသော လင်ဗန်းပေါ်တွင် တင်ထားကာ ရေခဲသေတ္တာထဲတွင် မိနစ် ၃၀ အအေးခံရပါမယ်။

၅။ သတ်မှတ်ချိန်ပြည့်ပါက ဒယ်အိုးကို အပူပေးပါ။ ဆီထည့်ပြီးနောက် ဆီပူလာပါက အမဲသားပြားများကို ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၃ မိနစ်၊ ၄ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

ရရှိလာတဲ့ အမဲသားကြော်ကို ပန်းကန်ပြားထဲထည့်ပါ။ မိမိနှစ်သက်ရာ အချဉ်ဆော့စ် ဆမ်းထည့်ကာ ဟင်းရွက်ကြော် တစ်မျိုးမျိုးဖြင့် အရသာရှိရှိ တွဲဖက်စားသုံးနိုင်ပါပြီ။

Source: Thespruceeats.com