အားလုံးပဲ မင်္ဂလာပါ။ ထမင်း မစားခင်မှာ အဆာပြေအနေနဲ့ အကြော်တစ်ခုခု စားချင်တယ်ဆိုရင်တော့ အရသာထူးကဲကောင်းမွန်တဲ့ ပင်လယ်စာ ဂဏန်း ပန်ကိတ်ကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း ၈ အောင်စခန့်
  • ကြက်ဥ ၁ လုံး
  • ပေါင်မုန့် အကြေအစများ ၁၁၄ ဂရမ်
  • မိရောနိစ် စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း လေးပုံ သုံးပုံနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း လေးပုံ တစ်ပုံ
  • ငရုတ်ပွနီ ၃၇ ဂရမ် (ပါးပါးလှီးထားပါ)
  • နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • ကြက်သွန်မြိတ် ၂ ဂရမ် (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း နှစ်ဇွန်း
  • သံပုယိုသီး တစ်လုံး (ရှစ်စိတ် စိတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂဏန်းများကို ပြုတ်ထားပြီး ဂဏန်းသားများကို ခပ်ထုတ်ထားပါ။ ထို့နောက် ဂဏန်းသားများကို ပေါင်မုန့်အကြေအစများ၊ ကြက်ဥ၊ မိရောနိစ်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့ဖြင့် သမအောင် နယ်လိုက်ပါ။ (ပေါင်မုန့် အကြေအစများကို အနည်းငယ် ချန်ထားပေးရပါမယ်။)

၂။ နယ်ထားသော ဂဏန်းများကို သုံးလက်မအထူခန့်ရအောင် လုံးလိုက်ပါ။

၃။ ရရှိလာတဲ့ ဂဏန်းလုံးများကို ပေါင်မုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ဂဏန်းလုံးများ ထည့်ကြော်လိုက်ပါ။

၅။ ဂဏန်းများ ရွှေညိုရောင် ပြောင်းသွားဖို့အတွက်ဆိုရင် တစ်ခြမ်းစီကို ငါးမိနစ်စီ ကြော်ပေးရပါမယ်။

၆။ ရရှိလာတဲ့ ဂဏန်း ပန်ကိတ်ကြော်ကို သံပုယိုသီး (သို့မဟုတ်) မိမိနှစ်သက်ရာ အချဉ်ဆော့စ် တစ်မျိုးမျိုးဖြင့် တွဲဖက်စားသုံးနိုင်ပါတယ်။

Source: Jessicagavin.com