ဂဏန်းထမင်းကြော်က ပြုလုပ်ရ ရိုးရှင်းလွယ်ကူပြီး အာဟာရပြည့်ဝတဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်။ ဂဏန်းရဲ့သဘာဝအချိုအရသာနဲ့ ကြက်ဥရဲ့အရသာက ထမင်းကြော်ကို ပိုအရသာရှိအောင် ဖြည့်စွက်ပေးပါတယ်။

နေ့စဉ်အစားအစာတစ်ခုအဖြစ်သာမကဘဲ နေ့ထူးနေ့မြတ်တွေမှာလည်း စားသုံးနိုင်တဲ့အစားအစာတစ်ခုပဲြဖ်စပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၃ လုံး (သို့) ၄ လုံး (မွှေခလောက်ထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • နုပ်နုပ်စဉ်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂဏန်း ပန်းကန်လုံး ၁ လုံးစာ
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်ပြားထဲတွင် ထမင်း၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲတို့ကို သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥများထည့်ကာ သမအောင် မွှေကြော်ပါ။ ပြီးရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၃။ ကျန်ရှိနေသော ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ဒယ်အိုးထဲထည့်ပါ။ ကြက်သွန်မြိတ်ရဲ့ဖြူသောအစိတ်အပိုင်းများထည့်ကာ ဆီသတ်ပါ။ ထို့နောက် ကြက်သွန်ဖြူ တစ်ဝက်ခန့်ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၄ ထို့နောက် ဂဏန်းများထည့်ကာ ၁၅ စက္ကန့်ခန့် မွှေကြော်ပါ။ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငါးငံပြာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်ထည့်ပါ။ စက္ကန့် ၂၀ ခန့် မွှေကြော်ပြီးပါက ပန်းကန်ပြားထဲ ပြောင်းထည့်ပါ။

၅။ ဒယ်အိုးထဲသို့ ကျန်ရှိနေသော ဆီနှင့် ကြက်သွန်ဖြူများထည့်ကာ ဆီသတ်ပါ။ ထမင်းထည့်ကာ ၁ မိနစ်ခန့် ကြော်ပါ။ ကျန်ရှိနေသော ပဲငံပြာရည်ထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

၆။ ထို့နောက် ဂဏန်းကြော်ထည့်ကာ စက္ကန့် ၄၀ ခန့် ကြော်ပါ။ ပြီးရင်တော့ ကြက်ဥကြော်ထည့်ကာ စက္ကန့်အနည်းငယ် မွှေဗကြာ်ပါ။

၇။ ကျန်ရှိနေသော ကြက်သွန်မြိတ်ထည့်ပါ။ ငရုတ်ကောင်းမှုန့်ထည့်ကာ အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂဏန်းထမင်းကြော်လေး ရရှိသွားပါပြီ။

Source: Delightfulplate.com