အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပင်လယ်စာ ကြိုက်နှစ်သက်သူတွေအတွက်ရော ထမင်းကြော် ကြိုက်နှစ်သက်သူတွေအတွက်ပါ လျှာလည်သွားစေမယ့် ပင်လယ်စာ ထမင်းကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထမင်း ပန်းကန်လုံး ၂ လုံးစာ (လူလေးယောက်စာ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်ဥ ၂ လုံးနှင့် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (ထိုနှစ်မျိုးစလုံးကို ရောနှောကာ မွှေခလောက်ထားပါ)
  • ခရုဆီ စားပွဲတင်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၃ မြွှာ

  • ဂဏန်းသား ၆ အောင်စ
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်
  • သံပုယိုသီး လေးပုံတစ်ပုံ (အရည်ညှစ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်လိုက်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူ ဆီသတ်လိုက်ပါ။ ကြက်သွန်ဖြူ အနံ့မွှေးပျံ့လာပါက ဂဏန်းသားထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၂။ ထမင်းထည့်ပြီး သမအောင် ကြော်ပေးလိုက်ပါ။ ထို့နောက် ထမင်းကို ဒယ်အိုးရဲ့ တစ်ဖက်တည်းမှာပဲ စုပုံထားပြီးနောက် ကျန်တစ်ဖက်ကို အလွတ်ထားထားပါ။

၃။ ထိုလွတ်နေသော ဒယ်အိုးဖက်အခြမ်းဆီသို့ မွှေခလောက်ထားသော ကြက်ဥထည့်ကာ ကြက်ဥ မကျက်တကျက် ဖြစ်လာသည်အထိ ကြော်ပေးရပါမယ်။

၄။ ပြီးမှ ကြက်ဥနဲ့ ထမင်းကို သမအောင် ရောမွှေပေးလိုက်ပါ။ ခရုဆီ၊ ပဲငံပြာရည်နှင့် ငရုတ်ကောင်းထည့်ပါ။ သမအောင် ထပ်ကြော်ပေးလိုက်ပါ။

၅။ ကြက်သွန်မြိတ်လေးများ ထပ်ဖြူးထည့်လိုက်ပါ။ သံပုယိုရည် လောင်းထည့်ကာ သမအောင် ထပ်ကြော်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာမြည်းစမ်းကြည့်ပြီးနောက် ပန်းကန်လုံးထဲ ပြောင်းထည့်ကာ စားခါနီးကျမှ ကြက်သွန်မြိတ် ထပ်ဖြူးထည့်နိုင်ပါသေးတယ်။

ဒါဆိုရင်တော့ ပင်လယ်စာထမင်းကြော် ပူပူနွေးနွေးလေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: willcookforsmiles.com