ဂဏန်းဆိုရင် အရူးအမူးပဲဆိုတဲ့ ပင်လယ်စာချစ်သူများအတွက် ဂဏန်းမဆလာဟင်းလေး ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဂဏန်း
- ဆီနှင့် ဆား
- ဆနွင်း
- ငံပြာရည်
- ဂျင်း
- ကြက်သွန်ဖြူနှင့် ကြက်သွန်နီ
- ငရုတ်သီး
- မန်ကျည်းသီးမှည့်
- မဆလာ
- ရှမ်းနံနံ
ပြင်ဆင်ပြုလုပ်နည်း
- ဂဏန်းကို ရေစင်စင်ဆေး ပြီးရင် ခြမ်းပြီး လက်မတွေကို ခပ်ဖွဖွကျည်ပွေ့နဲ့ထုပါ ။ အရသာသွင်းရင် ဝင်အောင်ပါ ။
- ပြီးရင် ဆား ၊ ဆနွင်း ၊ ငံပြာရည်နဲ့ အရသာသွင်းပြီး ခဏနှပ်ထားပါ ။ မကျည်းသီးမှည့်ကို ရေနွေးနှင့် စိမ်ထားပါ ။
- ဂျင်း ၊ ကြကိသွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးတို့ကို ရောထောင်းပြီး ဆီသတ်ပါ ။
- မွှေးလာရင် ဂဏန်းထည့် ကျက်ခါနီးရင် မန်ကျည်းနှစ်ဖျော်ထည့်ပြီး ချခါနီးရင်မဆလာနဲ့ ရှမ်းနံနံအုပ်လိုက်ရင် အရသာရှိလှတဲ့ ဂဏန်းဟင်း ရပါပြီ ။