ဂဏန်းဆိုရင် အရူးအမူးပဲဆိုတဲ့ ပင်လယ်စာချစ်သူများအတွက် ဂဏန်းမဆလာဟင်းလေး ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း
  • ဆီနှင့် ဆား
  • ဆနွင်း
  • ငံပြာရည်
  • ဂျင်း
  • ကြက်သွန်ဖြူနှင့် ကြက်သွန်နီ
  • ငရုတ်သီး
  • မန်ကျည်းသီးမှည့်
  • မဆလာ
  • ရှမ်းနံနံ

ပြင်ဆင်ပြုလုပ်နည်း

  1. ဂဏန်းကို ရေစင်စင်ဆေး ပြီးရင် ခြမ်းပြီး လက်မတွေကို ခပ်ဖွဖွကျည်ပွေ့နဲ့ထုပါ ။ အရသာသွင်းရင် ဝင်အောင်ပါ ။
  2. ပြီးရင် ဆား ၊ ဆနွင်း ၊ ငံပြာရည်နဲ့ အရသာသွင်းပြီး ခဏနှပ်ထားပါ ။ မကျည်းသီးမှည့်ကို ရေနွေးနှင့် စိမ်ထားပါ ။
  3. ဂျင်း ၊ ကြကိသွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်သီးတို့ကို ရောထောင်းပြီး ဆီသတ်ပါ ။
  4. မွှေးလာရင် ဂဏန်းထည့် ကျက်ခါနီးရင် မန်ကျည်းနှစ်ဖျော်ထည့်ပြီး ချခါနီးရင်မဆလာနဲ့ ရှမ်းနံနံအုပ်လိုက်ရင် အရသာရှိလှတဲ့ ဂဏန်းဟင်း ရပါပြီ ။