အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးမှာကတော့ အရသာတစ်မူထူးခြားတဲ့ မုန့်လုပ်နည်းပဲဖြစ်ပါတယ်။ ချိစ်အရသာနဲ့ ဂဏန်းရဲ့အရသာကို ရောစပ်ထားတဲ့ မုန့်ပါပဲ။ တစ်ခါမှ မမြည်းစမ်းရသေးဘူးဆိုရင်တော့ ခေတ်နောက်မကျရလေအောင် အခုပဲ လုပ်စားကြည့်လိုက်ကြစို့။

ပါဝင်ပစ္စည်းများ

  • ခရင်မ်ချိစ် ၁၆ အောင်စခန့်
  • မိရောနိစ် ၆၀ ဂရမ်
  • ဂဏန်းသား ၁၂၅ ဂရမ်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)နှင့် ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်သီးဆော့စ် အနည်းငယ်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရင်မ်ချိစ်ကို မွှေစက်ဖြင့် မွှေပေးထားလိုက်ပါ။ Oven ကို ၃၇၅ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ရရှိလာတဲ့ ခရင်မ်ချိစ်ကို ပန်းကန်လုံးအကြီးထဲထည့်ကာ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ မိရောနိစ်၊ ဂဏန်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်နှစ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့နှင့် သမအောင် ထပ်မံရောမွှေပေးလိုကပါ။

၃။ သမအောင် မွှေပြီးသွားတဲ့အခါမှာတော့ Oven ထဲထည့်မယ့် လင်ဗန်းထဲတွင် ထည့်ကာ မျက်နှာပြင်ညီညာပြန့်ပြူးသွားဖို့အတွက် ဇွန်းဖြင့် ညှိပေးလိုက်ပါ။ တကယ်လို့ သင်က ချိစ်အရသာကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ချိစ်ဖြူးပေးလိုက်ပါ။ ချိစ် မကြိုက်ဘူးဆိုရင်တော့ မထည့်လည်းရပါတယ်။

၄။ ထို့နောက် ထိုလင်ဗန်းကို Oven ထဲထည့်ကာ မိနစ် ၂၀ ခန့် ထည့်ဖုတ်ပေးလိုက်ပါ။ အချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ ချိစ်အရသာ ဂဏန်းမုန့်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com