အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ အရသာရှိရှိကြော်စားရမယ့် အကြော်ကတော့ ရန်ကုန်စတိုင်လ် ဂဏန်းကြော်ပဲဖြစ်ပါတယ်။

Source: Shutterstock

  • ဂဏန်း ၈ အောင်စ
  • ခရင်မ် ချိစ် ၈ အောင်စ
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဂျုံပြား ၂၀ ခန့်

  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နွှင်ထားသော ဂဏန်းသား၊ ခရင်မ် ချိစ်၊ ကြက်သွန်ဖြူ အမှုန့်နှင့် ကြက်သွန်မြိတ်တို့ကို ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီးနောက် သမအောင် နယ်ထားလိုက်ပါ။

၂။ နယ်ထားသော ဂဏန်းကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာခန့် ခပ်ယူပြီး အလုံးပုံသဏ္ဍာန် လုံးပြီးနောက် ဂျုံပြားရဲ့ အလယ်တည့်တည့်မှာ ထည့်လိုက်ပါ။ ထို့နောက် ဂျုံပြားရဲ့ အနားလေးဖက်ကို ကြက်ဥနဲ့ သုတ်ပေးလိုက်ပါ။

၃။ ဂျုံပြားရဲ့ အစွန်းလေးဖက်ကို ထိပ်မှာစုပြီး လေမဝင်ဖို့ရန်အတွက် ပူးကပ်အောင် ပိတ်ထားလိုက်ပါ။ ဂျုံပြားများ ကုန်သွားတဲ့အထိ ထိုကဲ့သို့ တစ်ဆင့်ချင်းစီပြုလုပ်ပေးလိုက်ပါ။

၅။ ကြော်မယ့် ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ ဆီပူလာပါက ထုပ်ထားသော ဂဏန်းထုပ်များကို ထည့်ကြော်ပေးလိုက်ပါ။ တစ်ခါကြော်ရင် ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ထည့်ကြော်ပေးရပါမယ်။

၆။ ကြော်ပြီးသား ဂဏန်းကြော်များကို ဆီစုပ်စက္ကူပေါ် တင်ထားလိုက်ပါ။

၇။ ပိုလျှံနေတဲ့ဆီများကို ဆီစုပ်စက္ကူက အလုံးစုံစုပ်ယူပြီးသွားပြီဆိုရင်တော့ ပန်းကန်ထဲ ပြောင်းထည့်လို့ရပါပြီ။ ဒါဆိုရင်တော့ အရသာရှိတဲ့ ရန်ကုန်စတိုင်လ် ဂဏန်းကြော်ကို မိမိနှစ်သက်ရာ အချဉ်ရည်နဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: dinneratthezoo.com