ကြက်ကင်ကြိုက်နှစ်သက်သူများအတွက် အရေခွံရော အသားပါ ကြွပ်ရွနေတဲ့ ကြက်တောင်ပံကင် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်း အနည်းဆုံးနဲ့ အရသာအရှိဆုံးဖြစ်အောင် ဘယ်လိုလုပ်စားရမလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၃ ပေါင်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မုန့်ဖုတ်ပေါင်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Oven ကို ၂၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်တောင်ပံများကို ဆား၊ မုန့်ဖုတ်ပေါင်ဒါတို့ဖြင့် သမအောင် နယ်ထားပါ။

၃။ ထို့နောက် ကြက်သားထည့်မယ့် Oven ရဲ့အပူဒဏ်ခံနိုင်သော လင်ဗန်းကို ခဲဖတ်ခံထားပါ။ ထိုခဲဖတ်ပေါ်တွင် အပူဒဏ်ခံနိုင်သော သံဇကာပေါက် ခံထားပါ။ ထို့နောက် ဟင်းချက်ဆီ သုတ်လိမ်းလိုက်ပါ။ ထိုဇကာပေါက်ပေါ်သို့ ကြက်တောင်ပံများ တင်ထားလိုက်ပါ။ ပြီးရင်တော့ Oven ထဲမှာ မိနစ် ၃၀ ခန့် ထည့်ကင်လိုက်ပါ။

၄။ မိနစ် ၃၀ ပြည့်ပါက အပူချိန်ကို ၄၂၅ ဒီဂရီဖာရင်ဟိုက်သို့ မြှင့်တင်လိုက်ပြီး မိနစ် ၅၀ ခန့် အပူပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်ပါက Oven ထဲကထုတ်ပြီး ၅ မိနစ်၊ ၁၀ မိနစ်ခန့် အပူပေးလိုက်ပါ။ ကြက်တောင်ပံကင်များက အရေခွံကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတဲ့ ကြက်သားကင်လေးဖြစ်သွားပါပြီ။

မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Kirbiecravings.com