အားလုံးပဲ မင်္ဂလာပါ။ ပုစွန်ကို အရသာရှိရှိ ပြင်ဆင်ချက်ပြုတ် စားသုံးချင်သူများအတွက် အုန်းသီးကပ် ပုစွန်ကင်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၄၅၀ ဂရမ် (ရေဖြင့် ဆေးကြောပြီး အခွံချွတ်ထားပါ)
  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ကြက်သွန်ဖြူအမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပေါင်မုန့်အကြေအစများ ၂၂၅ ဂရမ်
  • အုန်းသီးဖတ်များ ၂၂၅ ဂရမ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ ပေါင်မုန့်အကြေအစများကို လင်ဗန်းပေါ်တွင် ညီညီညာညာဖြန့်ထည့်ကာ ဟင်းချက်ဆီဖြင့် စပရေးဖြန်းပြီးနောက် Oven ထဲတွင် ၂ မိနစ်ခန့် ထည့်ဖုတ်လို်က်ပါ။ ထို့နောက် လင်ဗန်းကို လှုပ်ခါပြီးနောက် နောက်ထပ် ၁ မိနစ်၊ ၂ မိနစ်ခန့် ထည့်ဖုတ်ပါ။

ရရှိလာတဲ့ ပေါင်မုန့်အကြေအစများကို ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်ပါ။ အုန်းသီးဖတ်ကိုလည်း ပေါင်မုန့်နဲ့ သမအောင် ရောနှောပေးလိုက်ပါ။

၃။ အခြားပန်းကန်လုံးထဲသို့ ကြက်ဥ မွှေခလောက်လိုက်ပါ။ ထို့နောက် အုန်းဆီ၊ ဂျုံမှုန့်၊ ကြက်သွန်ဖြူနှင့် ဆားတို့ထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၄။ Oven ထဲထည့်မယ့် လင်ဗန်းပေါ်တွင် ဆီစုပ်စက္ကူ ခင်းထားလိုက်ပါ။

၅။ ပုစွန်ကို အမြီးကနေ ကိုင်ပြီး ကြက်ဥအရည်ထဲ ထည့်နှစ်လိုက်ပါ။ ထို့နောက် အုန်းသီးဖတ်များဖြင့် ကပ်ပေးလိုက်ပါ။ ထို့နောက် လင်ဗန်းပေါ်တွင် တင်ထားလိုက်ပါ။

ကျန်ရှိနေသော ပုစွန်များအားလုံးကို အထက်ဖော်ပြပါနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။ လင်ဗန်းပေါ်တွင် ပုစွန်တစ်ကောင်နှင့် တစ်ကောင်က တစ်လက်မခွဲခန့် ခြားထားရပါမယ်။

၆။ ပုစွန်ပေါ်သို့ ဆီအနည်းငယ်ကို စပရေးဖြန်းသလို ဖြန်းပေးလိုက်ပါ။

၇။ ထို့နောက် ထိုလင်ဗန်းကို Oven ထဲထည့်ကာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ဖုတ်ပေးလိုက်ပါ။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ ရွှေဝါရောင်သမ်းနေတဲ့ အုန်းသီးကပ် ပုစွန်ကင်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါတယ်။

Source: Omnivorescookbook.com