လူတိုင်းနဲ့လည်းတည့်ပြီး အာဟာရလည်းရှိတဲ့ မုန်လာဥနီကို အာလူးချောင်းကြော်လိုမျိုး ကြော်စားလို့ရမယ့် နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ အာလူးချောင်းကြော်ကြိုက်တဲ့သူဆိုရင်တော့ မုန်လာဥနီကြော်ကိုလည်း ကြိုက်မှာသေချာပါတယ်။

မုန်လာဥနီ အလုံးကြီးတစ်လုံးကို အခွံခွာပြီး အချောင်းမထူမပါးလေးတွေဖြစ်အောင် လှီးပေးပါ။ လှီးပြီးရင်တော့ အိုးထဲထည့်ပြီး ၃ မိနစ်လောက် ပြုတ်ပေးပါ။ ရပြီဆိုရင် ပန်းကန်ထဲ ဆယ်ထုတ်ထားပါ။

ပန်းကန်ထဲကို ဂျုံမှုန့် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာထည့်ပြီး ကြက်သွန်ဖြူအမှုန့် – အနည်းငယ်၊ ဂျင်းအမှုန့် – အနည်းငယ်၊ အရောင်တင်ငရုပ်သီးမှုန့် – အနည်းငယ်၊ ဆား – အနည်းငယ် ထည့်မွှေပါ။ ပြီးရင်တော့ ရေကို ခွက်တစ်ဝက်စာထည့်ပြီး မွှေပေးပါ။

သေချာမွှေပြီးမှ လှီးထားတဲ့ မုန်လာဥနီတွေကို ပန်းကန်ထဲထည့် နယ်လိုက်ပါ။ ပြီးရင်တော့ တစ်ချောင်းချင်းစီယူပြီး Bread Crumbs ပန်းကန်ထဲ ထည့်နယ်ပါ။

အားလုံးပြီးရင်တော့ ဆီအိုးထဲ ထည့်ကြော်ပါ။

ကြော်ပြီးရင်တော့ ပန်းကန်ထဲခူးထုတ်ပြီး ကိုယ်ကြိုက်နှစ်သက်ရာအချဉ်နဲ့ တို့စားနိုင်ပါပြီ။ ဒါဆိုရင်တော့ အာဟာရလည်းရှိ၊ အရသာလည်းရှိတဲ့ မုန်လာဥနီကြော်ကို ရရှိသွားပါပြီ။

Source: www.toasted