အားလုံးပဲ မင်္ဂလာပါ။ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ကြက်သား စားသုံးပါက ကြွက်သား သန်မာကြံ့ခိုင်ဖို့အတွက် များစွာ အထောက်အကူပြုပြီး ကြက်ရင်အုံသား စားသုံးခြင်းကတော့ နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အာဟာရဓာတ်ပြည့်ဝတဲ့ ကြက်သားကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် ကြွပ်ကြွပ်ရွရွလေးဖြစ်အောင် ဘယ်လိုကြော်စားမလဲဆိုတာ ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၂ တုံးနှင့် ကြက်ဥ ၂ လုံး
  • ဂျုံမှုန့် ၆၅ ဂရမ်
  • ပေါင်မုန့် အမှုန့်များ ၁၂၅ ဂရမ်
  • ဆားနှင့် ငရုတ်ကောင်းအနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ ၆၀ မီလီလီတာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်သားတုံး ပြားသွားဖို့အတွက် ပလပ်စတစ်အိတ်ခံထားပြီး အလေးတုံးနဲ့ ထုလိုက်ပါ။ ပြီးတဲ့အခါ တစ်လက်မအကျယ် အချောင်းရှည်ရှည်လေး လှီးဖြတ်ထားပါ။ ထိုကြက်သားပြားပေါ်သို့ ဆားဖြူးပြီး နယ်ထားလိုက်ပါ။

၂။ ကြက်သားတစ်ပြားစီကို ဂျုံမှုန့်များ ကပ်အောင် ပြုလုပ်ပြီးနောက် မွှေခလောက်ထားသော ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ပြီးရင် ပေါင်မုန့်အမှုန့်များနဲ့ ကြက်သားပြားကို ထပ်ကပ်ပေးရပါမယ်။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားလိုက်ပါ။ ဆီပူလာပါက ကြက်သားပြားများ ထည့်ကြော်ပေးလိုက်ပါ။ ကြက်သား တစ်ခြမ်းစီကို ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးရပါမယ်။

၄။ ကြော်ပြီးသားကြက်သားများကို ပန်းကန်ထဲထည့်ပြီး အအေးခံပြီးတဲ့နောက်မှာ ခရမ်းချဉ်သီးဆော့စ်၊ ငရုတ်သီးဆော့စ်တို့ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Zoomyummy.com