အားလုံးပဲ မင်္ဂလာပါ၊ ကြက်ကြော်ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ နာမည်ကြီးကြက်ကြော်ဆိုင်က ကြက်ကြော်တွေလိုမျိုး အိမ်မှာ ကြော်စားလို့ရမယ့် ကိုရီးယားစတိုင်လ် ကြက်ကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၃ ပေါင်ခွဲ (ကြက်ရင်အုံသား သို့မဟုတ် အခြားအစိတ်အပိုင်းများနဲ့ ကြော်လည်း ရပါတယ်)
  • ဆား လက်ဖက်စားဇွန်း တစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်စားဇွန်း တစ်ဝက်
  • ပါးပါးလှီးထားသော ချင်း လက်ဖက်စားဇွန်း တစ်ဇွန်း
  • ဂျုံမှုန့် ပန်းကန်လုံး ၂ ခွက် (သို့) ၃ ခွက်ခန့်

  • ကြက်သွန်ဖြူ ၄ မွှာ
  • ငရုတ်တောင့်အနီ အကြီးတောင့် ၃ တောင့် (သို့) ၄ တောင့်
  • ပဲငံပြာရည် ပန်းကန်လုံး ၄ ပုံ ၁ ပုံ ခန့်
  • ရှာလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • သကြားအညို စားပွဲတင်ဇွန်း ၁ ဇွန်း
  • မြေပဲဆီ (သို့) ဟင်းရွက်ဆီ

ပြုလုပ်နည်း အဆင့်ဆင့်

ကြက်သားအတုံးများကို နှစ်ပိုင်းစီ တုံးလိုက်ပါ။

ထို့နောက် ဇလုံထဲထည့်ပြီး ဆား၊ ပါးပးါလှီးထားသော ချင်း၊ ငရုတ်ကောင်းမှုန်တို့ထည့်ပြီး သမအောင် မွှေလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ပန်းကန်လုံးတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး ကြက်သားတစ်တုံးချင်စီကို ဂျုံမှုန့်တွေကပ်သွားအောင် ပြုလုပ်ပေးပါ။

ဒယ်အိုးကို အပူပေးပြီး ဆီ ပန်းကန်လုံး လေးခွက်ခန့် အိုးထဲထည့်ကာ ၇ မိနစ် (သို့) ၈ မိနစ်ခန့် ဆီကို အပူပေးပါ။ ပြီးမှ ကြက်သားတုံးများကို ၁၂ မိနစ်၊ ၁၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ကြော်ပြီးသားကြက်ကြောများကို ပန်းကန်တစ်လုံးထဲထည့်ထားပြီး နောက်ထပ် ၁၂ မိနစ်၊ ၁၅ မိနစ်ခန့် ဒုတိယအကြိမ်ထပ်ကြောပေးပါ။ နှစ်ကြိမ်ကြော်မှ ကြွတ်ကြွတ်ရွရွလေးဖြစ်သွားမှာ မို့လို့ပါ။

ကြက်ကြော်လေး နီနီရဲရဲဖြစ်သွားဖို့အတွက် အချဉ်ဖော်စပ်ရပါမယ်။ ငရုတ်သီးအနီတောင့်ကို ထိပ်ပိုင်းဖြတ်ပြီး အထဲမှ အစေ့များဖယ်လိုက်ပါ။ ထို့နောက် ငရုတ်သီးအတောင့်များကို လှီးဖြတ်လိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးထဲ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ကာ ပါးပါးလှီးထားသော ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော ငရုတ်သီးတောင့်တို့ကို ထည့်မွှေလိုက်ပါ။ စက္ကန့် ၃၀ ကြာတဲ့အခါမှာတော့ ပဲငံပြာရည်၊ ရှာလကာရည်တို့ ထည့်ပြီး မိနစ်အနည်းငယ်ခန့် ထပ်မွှေပါ။ နောက်ဆုံးအဆင့်အနေနဲ့ သကြားအညိုရောင် ထပ်ထည့်ပြီး ထပ်မွှေပါ။

နောက်ဆုံးအဆင့်အနေနဲ့ ကြက်ကြော်တုံးများကို ထိုဒယ်အိုးထဲသို့ထည့်ပြီး မွှေပေးလိုက်မယ်ဆိုရင် စားချင်စဖွယ် ကြက်ကြော်နီနီရဲရဲလေး ရရှိသွားပါလိမ့်မယ်။

Source: www.maangchi.com