အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဝက်သားကို အရသာတစ်မျိုးလေး ထူးသွားအောင်၊ ပိုပြီး အရသာရှိသွားအောင် ကြွပ်ကြွပ်ရွရွလေး ကြော်စားလို့ရတဲ့ နည်းလမ်းလေးကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၄ တုံး ( အထူ ၁ လက်မခွဲ)
  • ဂျင်း တောက်တောက်စဉ်း အနည်းငယ်
  • ဆား၊ ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ကြက်ဥ ၂ လုံး (ခလောက်လိုက်ပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • မုန့်ကြွပ် ၁ ခွက် (မွှထားလိုက်ပါ)
  • ဂေါ်ဖီထုပ် အနည်းငယ်
  • သံပယိုသီး ၁ လုံး
  • သခွားသီး အနည်းငယ်

ပြုလုပ်နည်း

ဝက်သားကို ရေသေချာဆေးလိုက်ပါ။ ဆားနဲ့ ခဏနယ်ပြီး ထပ်ဆေးပါ။

အရည်ညှစ်ထုတ်လိုက်ပြီး ဓားနဲ့ ခပ်ပါးပါးလေး အရာပေးလိုက်ပါ။

ဆား၊ ငရုတ်ကောင်းမှုန့် အပေါ်က နယ်လိုက်ပါ။

ဂေါ်ဖီထုပ်ကိုပါးပါးလှီးပြီး ရေအေးနဲ့စိမ်ထားပါ။ သံပယိုသီး တစ်ခြမ်းကို ခပ်ပါးပါးလှီးပြီးထည့်ထားလိုက်ပါ။

ကြက်ဥ၊ မုန့်ကြွပ်မွ၊ ဂျုံမှုန့်တို့ကို ပြင်ဆင်ပါ။

အသားကို ဂျုံမှုန့် တစ်ထပ် ၊ ကြက်ဥ တစ်ထပ်၊ မုန့်ကြွပ်နဲ့တစ်ထပ် နဲ့ နယ်လိုက်ပြီး ဆီကို အပူပေးလိုက်ကာ ဆီပူပူမှာထည့်ကြော်ပေးလိုက်ပါ။

အသားကျက်ပြီး ကြွပ်ကြွပ်ရွရွ ဖြစ်သွားတဲ့အထိ ကြော်ပါ။

ပြီးရင် အသားကိုအတုံးလေးတွေ လှီးလိုက်ပါ။

အဲဒီနောက် ဂေါ်ဖီထုပ်၊ သခွားသီတို့ထည့်ပြီး ဆော့လ်လေးဖြူးကာ သံးဆောင်လို့ရပါပြီ။

Source: www.koreanbapsang.com

By: MyFood Myanmar