အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကြွပ်ကြွပ်လေးနဲ့ စားကောင်းတဲ့ အမဲသားကြွပ်ကြော်ဟင်းလျာ ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသားပြား ၁ ပေါင် (ခပ်ရှည်ရှည် လှီးဖြတ်ထားပါ)
  • ကြော်ရန် ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်းနှင့် ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • ကြက်ဥ ၁ လုံး

ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၅ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆီသတ်ရန်အတွက်

  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားတုံးများကို ပြောင်းမှုန့်၊ ဂျုံမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်လိုက်ပါ။ ထို့နောက် ရေနှင့် ကြက်ဥ ဖောက်ထည့်ကာ သမအောင် ထပ်မံနယ်ရပါမယ်။

၂။ ဒယ်အိုးကို အပူပေးပြီး ဟင်းရွက်ဆီ ထည့်ပါ။ ဆီပူလာပါက အမဲသားတုံးများကို ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးရပါမယ်။ အမဲသားတုံးများ အညိုရောင် ပြောင်းသွားပါက ပန်းကန်ထဲသို့ ပြောင်းထည့်ထားပါ။

၃။ ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေလိုက်ပါ။

ဒယ်အိုးထဲသို့ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် စောစောက ပြုလုပ်ထားသော ဆော့စ်မာျး လောင်းထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် တည်ထားရပါမယ်။

၄။ ဆော့စ်က ပျစ်သွားပြီဆိုရင်တော့ အမဲသားကြော်များ ပြန်ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေကြော်လိုက်ပါ။

မီးဖိုပေါ်က ချခါနီးမှာတော့ နှမ်းစေ့နှင့် ကြက်သွန်မြိတ်တို့ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသားကြွပ်ကြော်ဟင်းလျာတစ်ပွဲ ရရှိသွာပါပြီ။

Source: Jocooks.com