ကြက်ကြော်စားတိုင်းမှာ ကြက်ပေါင်ကြော်ကိုပဲ နှစ်ခြိုက်စွာ စားသုံးလေ့ရှိတဲ့ Foodies လေးတွေအတွက် ဒီတစ်ခါမှာတော့ ကြက်ပေါင်ကြော်ကို ကြွပ်ကြွပ်ရွရွလေးနဲ့ စားကောင်းအောင် ဘယ်လိုကြော်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင် ၁၆ တုံး
  • နွားနို့ စားပွဲတင်ဇွန်း ၂၄ ဇွန်း
  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ဂျုံမှုန့် ၂၄၀ ဂရမ်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဟင်းရွက်ဆီ ပန်းကန်လုံး ၃ ခွက်စာ (စားပွဲတင်ဇွန်း ၄၈ ဇွန်းခန့်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ရေခြောက်အောင် သုတ်ထားလိုက်ပါ။

၂။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် နွားနို့၊ ခရမ်းချဉ်သီးဆော့စ်၊ ဆား စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ငရုတ်ကောင်းမှုန့်တို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ကြက်သားတုံးများထည့်ကာ အနည်းဆုံး ၁ နာရီမှ ၂၄ နာရီအတွင်း စိမ်ထားရပါမယ်။

၃။ သတ်မှတ်ချိန်ပြည့်အောင် စိမ်ပြီးသွားတဲ့နောက်မှာတော့ ကြက်သားတုံးများကို နွားနို့ထဲမှ ဆယ်ယူလိုက်ပါ။

၄။ ဒယ်အိုးအကြီး တစ်လုံးကို အပူပေးပြီး ဆီ ပန်းကန်လုံး ၃ ခွက်စာ ထည့်ထားပါ။ ၃၆၅ ဒီဂရီဖာရင်ဟိုက်အထိ ပူလာအောင် စောင့်ပါ။

၅။ ထိုကဲ့သို့ စောင့်နေချိန်အတောအတွင်း ဂျုံမှုန့်ကို ငရုတ်သီးမှုန့်၊ ကျန်ရှိနေသော ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားလိုက်ပါ။ ထို့နောက် ကြက်သားတုံးများကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။

၆။ ဆီရဲ့အပူချိန်ကို မိမိလိုချင်သလောက် အပူချိန်သို့ ရောက်ရှိသွားတဲ့အခါ ကြက်သားတုံးများထည့်ပြီး ၁၀ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၇။ ရွှေညိုရောင် ပြောင်းသွားတဲ့ ကြက်သားတုံးများကို ဆီပူထဲက ဆယ်ယူပြီး ပန်းကန်ပြားထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတဲ့ ကြက်ပေါင်ကြော်လေး ရရှိသွားပါပြီ။ မိမိနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Thespruceeats.com