အချို့သူများက အသားပဲစားချင်တဲ့အချိန်မှာ အချို့သူများကတော့ အရိုးကိုမှရွေးပြီးစားချင်ကြပါတယ်။ ဒီလိုသူများအတွက် အခုတစ်ခါ ဝက်နံရိုးကြော်ကို ဖော်ပြပေးလိုက်ရပါတယ်။ လုပ်ရတာလည်း လွယ်လွယ်လေးဖြစ်လို့ အမြဲတမ်းတောင်စားနေမိပါအုံးမယ်နော်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး
  • ကြက်သွန်ဖြူ၊ ဆား
  • ပျားရည်
  • နှမ်းဆီ၊ ဂျင်း
  • တရုပ်မဆလာ၊ အာလူးအမှုန့်

ပြုလုပ်နည်း

ဝက်နံရိုး ကို ကြက်သွန်ဖြူ၊ ဆား၊ ပျားရည်၊ နှမ်းဆီ၊ ဂျင်းထောင်းအရည်ညှစ်ပြီး တရုပ်မဆလာ၊ အာလူးအမှုန့် နဲ့ နယ်နှပ်ထားပြီး မီးအပူသိပ်မပြင်းဘဲ ကြော်ထားတဲ့ ကြွပ်ကြွပ် ဝက်နံရိုးကြော်ပါ။

Credit: Snow June