အားလုံးပဲ မင်္ဂလာပါ။ ပင်လယ်စာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်ကြွပ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင် (အခွံချွတ်ပြီး ရေဖြင့် သန့်စင်ထားပါ)
  • ပေါင်မုန့်အကြေအစများ စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • ကြက်ဥ ၂ လုံး
  • ရေ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ကြက်ဥ ၂ လုံးဖောက်ထည့်ပြီး ရေ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင် မွှေခလောက်ပေးလိုက်ပါ။

၂။ အခြားပန်းကန်လုံးတစ်လုံးထဲတွင်တော့ ဂျုံမှုန့်၊ ပြောင်းမှုန့်နှင့် ဆားတို့ထည့်ကာ သမအောင် မွှေပါ။

အခြားပန်းကန်လုံးထဲတွင်တော့ ပေါင်မုန့်အကြေအစများ ထည့်ထားပါ။

၃။ ပုစွန်ကို ဂျုံမှုန့်ဖြင့် ကပ်လိုက်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်ပြီးနောက် ပေါင်မုန့်အကြေအစများဖြင့် ကပ်လိုက်ပါ။

၄။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၈ ဇွန်း ထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပါ။ ထို့နောက် အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် ၁ မိနစ်၊ ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

ပုစွန်က ရွှေညိုရောင် ပြောင်းသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပုစွန်ကြွပ်ကြော်လေး ရရှိသွားပါပြီ။

Source: Cooktoria.com