အားလုံးပဲ မင်္ဂလာပါ။ အကြော်ဆိုင်က တို့ဖူးကြော်ကို ကြိုက်နှစ်သက်သူတွေအတွက် ဒီတစ်ခါမှာတော့ မိမိအိမ်မှာပဲ ကြော်စားလို့ရမယ့် ကြက်ဥ တို့ဖူးကြော်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ အားလပ်ရက်လေးမှာ မိမိအိမ်မှာပဲ ပြင်ဆင်ကြော်လှော်ရင်း မိသားစုဝင်တွေ တစ်ပျော်တစ်ပါးကြီး စားသောက်လို့ရတာပေါ့။

ကျန်းမာရေးနဲ့ ညီညွှတ်အောင် ဆီနည်းနည်းနဲ့ ဘယ်လိုပြင်ဆင်ကြော်လှော်လို့ရမလဲဆိုတာ အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • တင်းတင်းရင်းရင်းရှိသော တို့ဖူး ၁၅ အောင်စခန့်
  • ဂျုံမှုန့် ပန်းကန်လုံး တစ်ဝက်ခန့်
  • ပေါင်မုန့် အကြေအစများ ပန်းကန်လုံးတစ်ဝက်ခန့်

  • ကြက်ဥ (သို့) ဘဲဥ ၂ လုံး
  • ဆားအနည်းငယ်
  • ဟင်းသီးဟင်းရွက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဆုံး တို့ဖူးကို တစ်လက်မပတ်လည်အရွယ်အစားခန့် လှီးဖြတ်လိုက်ပါ။

ကြက်ဥ နှစ်လုံးကို ဆားအနည်းငယ်ထည့်ပြီး မွှေခလောက်လိုက်ပါ။

ထို့နောက် ဂျုံမှုန့်နဲ့ ပေါင်မှုန့်အကြေအစများကို ပန်းကန်သပ်သပ်စီခွဲထည့်ထားပါ။ ကြက်ဥပန်းကန်ကိုလည်း ဂျုံမှုန့်ပန်းကန်တို့နဲ့ တစ်စုတည်းထားထားပါ။

ပြီးတဲ့အခါ တို့ဖူးတုံးလေးများကို ဂျုံမှုန့်များနဲ့ အရင်ကပ်ပေးလိုက်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်ပြီးမှ ပေါင်မုန့်အကြေအစများနဲ့ ထပ်ကပ်ပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ဒယ်အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီကျက်လာပါက တို့ဖူးတုံးလေးများကို တစ်မိနစ်ခန့်ကြော်ပေးလိုက်ပါ။ တို့ဖူးများ ရွှေညိုရောင်ပြောင်းသွားပါက ဒယ်အိုးထဲကထုတ်ပြီး ဆီစုပ်စက္ကူထဲမှာထည့်ပြီး စက္ကူကဆီတွေကိုစုပ်ယူသွားတဲ့အထိစောင့်ပါ။

ရွှဲနှစ်နေတဲ့ဆီတွေ တို့ဖူးထဲမှာမကျန်တော့တဲ့အခါကျမှ ပန်းကန်ပြားလေးထဲပြောင်းထည့်ပြီး အချဉ်ရည်နဲ့တို့ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Picturetherecipe.com