အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော်ကို စပ်စပ်လေးမှ စားချင်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ အာလူးအစပ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
- ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
- ငရုတ်သီးဆော့စ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းခွဲ
- အာလူး ၃ လုံး
- ဆီ စားပွဲတင်ဇွန်းတစ်ဝက်
- ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ကြက်သွန်မြိတ်နှင့် နှမ်း အနည်းငယ်
- ပြောင်းမှုန့်နှင့် ဆားအနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အာလူးများကို အခွံခွာ၊ ရေဆေးပြီးနောက် အချောင်းလိုက် လှီးဖြတ်ထားပါ။
၂။ အာလူးချောင်းများကို ရေနွေးဖြင့် ၇ မိနစ်ခန့် ပြုတ်လိုက်ပါ။
၃။ ၇ မိနစ်ပြည့်ပါက ရေထဲက ဆယ်ယူပြီး ပြောင်းမှုန့်၊ ဆားတို့ဖြင့် သမအောင်နယ်လိုက်ပါ။
၄။ ထို့နောက် ဆီပူထဲတွင် ရွှေညိုရောင်သမ်းလာသည်အထိ ကြော်ပေးလိုက်ပါ။
၅။ အာလူးကြော်များကို ဆီပူထဲမှ ဆယ်ယူလိုက်ပါ။
၆။ အခြားဒယ်အိုးတစ်လုံးတွင် ဆီထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်၊ နှမ်းဆီနှင့် ပျားရည်တို့ထည့်ပြီး တစ်မိနစ်ခန့် တည်ပေးလိုက်ပါ။
၇။ ဒါဆိုရင်တော့ ငရုတ်နှစ် စပ်စပ်လေး ရသွားပါပြီ။ စောစောကကြော်ထားသော အာလူးကြော်များကို ထိုငရုတ်နှစ်ထဲထည့်ကြော်လိုက်ပါ။
၈။ မီးအေးအေးဖြင့် တစ်မိနစ်လောက် ကြော်ပြီးတဲ့အခါမှာတော့ ပန်းကန်ပြားထဲပြောင်းထည့်လိုက်ပါ။ ရရှိလာတဲ့ အာလူးအစပ်ကြော်ကို နှမ်း၊ ကြက်သွန်မြိတ်တို့ဖြူးပြီး အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: rachnas-kitchen.com