အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပျားရည်ရဲ့အချိုအရသာနဲ့ ငရုတ်သီးရဲ့အစပ်အရသာတို့ ပေါင်းစပ်ပါဝင်နေတဲ့ အာလူးကြော် ကြွပ်ကြွပ်ရွရွလေး ပြင်ဆင်ကြော်လှော်နည်းလေးကို MyFood Myanmar ရဲ့အာလူးကြော်ချစ်သူများအတွက် ဝေမျှပေးလိုက်တယ်နော်။

ပါဝင်ပစ္စည်းများ

  • အာလူး ၅ လုံး (အခွံခွာပြီး အချောင်းလိုက် လှီးဖြတ်ထားပါ)
  • ကြော်ရန် ဆီ
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ထောင်းထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးထောင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံနှင့် ရေ စားပါဲတင်ဇွန်း ၃ ဇွန်း

ဆော့စ်ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း (ပါးပါးလှီးထားပါ)
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းစေ့ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ခရမ်းချဉ်သီး Ketchup စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးအနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် အရည် (ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် ရောမွှေထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးတွင် ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ကြက်သွန်ထောင်း၊ ငရုတ်သီးထောင်း၊ ပြောင်းမှုန့် စားပွတြင်ဇွန်း ၃ ဇွန်း၊ ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ဆားတို့ကို သမအောင် ရောမွှေထားပါ။ ထို့နောက် အာလူးချောင်းများထည့်ကာ သမအောင် နယ်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက အာလူးချောင်းများထည့်ကာ ၅၀ ရာခိုင်နှုန်းခန့် ကျက်သွားသည်အထိ ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ဆယ်ထည့်ပြီး အအေးခံထားပါ။

၃။ အခြားပန်းကန်လုံး တစ်လုံးထဲတွင် ဂျုံမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ငရုတ်ကောင်းမှုန့်နှင့် ရေတို့ထည့်ကာ သမအောင် ရောမွှေပါ။

ထို့နောက် အာလူးချောင်းကြော်များကို ထိုမုန့်နှစ်ထဲ ထည့်နယ်လိုက်ပါ။

၄။ တစ်ဖန် အာလူးချောင်းများကို ဆီပူထဲတွင် ရွှေရောင်ပြောင်းသွားသည်အထိ ကြော်ပါ။ ထို့နောက် ပန်းကန်ပြားထဲ ဆယ်ထည့်ထားပါ။

၅။ နောက်တစ်ဆင့်အနေနဲ့ ဆော့စ် ပြုလုပ်ရပါမယ်။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ကြက်သွန်ဖြူ ထည့်ကာ ဆီသတ်ပါ။ ငရုတ်သီးမှုန့်၊ နှမ်းစေ့တို့ထည့်ကာ တစ်မိနစ်ခန့် မွှေပါ။ ရှာလကာရည်၊ ပဲငံပြာရည်၊ Ketchup ၊ ပျားရည်နှင့် ငရုတ်သီနှစ်တို့ထည့်ကာ သမအောင် မွှေပါ။ ထို့နောက် ပြောင်းမှုန့်အရည်ထည့်ကာ ဆော့စ်များ ပျစ်သွားသည်အထိ တည်ပေးရပါမယ်။

၆။ ဆော့စ်က မိမိလိုချင်တဲ့အနေအထားအထိ ပျစ်သွားပြီဆိုရင်တော့ အာလူးချောင်းကြော်နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

နှမ်းအနည်းငယ်နှင့် ကြက်သွန်မြိတ်များ ထပ်မံဖြူးထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အချိုအစပ်အရသာ အာလူးချောင်းကြော် ကြွပ်ကြွပ်လေး ရရှိသွားပါပြီ။

Source: Myfoodstory.com