Macaroni ဆိုရင် ချက်စားကြတာများတော့ ဒီတစ်ခါမှာ စပ်စပ်လေးကြော်ပြီး သားရေစာမုန့် Snacks အဖြစ်နဲ့ စားလို့ရအောင် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ဒယ်အိုးထဲကို ရေ ၄ ခွက်ထည့်ပြီး ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်မွှေပြီး ရေနွေးပွက်ပွက်ဆူလာရင် Macaroni ကို ထည့်ပြုတ်လိုက်ပါ။ Macaroni တွေရပြီဆိုရင် ဆယ်ထုတ်ပြီး ရေစစ်ကာ အအေးခံထားလိုက်ပါ။

နောက်ပန်းကန်လုံးလေးထဲကို ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူအမှုန့် (Garlic Powder) – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်မွှေပါ။ ဒါကတော့ ကြော်ပြီးရင် နယ်ဖို့လုပ်တာပါ။

အအေးခံထားတဲ့ Macaroni ပန်းကန်ထဲကို ဂျုံမှုန့် – ခွက်သေးတစ်ခွက်စာထည့်ပါ။ ငရုပ်သီးအစိမ်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး သမအောင်နယ်ပါ။

နယ်ပြီးရင် ဆီအိုးထဲထည့်ပြီး ကျွတ်အောင်ကြော်ရုံပါပဲ။ ကြော်ပြီးရင်တော့ ပန်းကန်ထဲဆယ်ထုတ်ပြီး နယ်ဖို့လုပ်ထားတာတွေကို ထည့်ကာ သမအောင်နယ်လိုက်ပါ။ ဒါဆိုရင်တော့ အရသာရှိတဲ့ Macaroni Snacks ကို ရရှိသွားပါပြီ။

Source: www.toasted