အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ သံပုယိုရည်၊ ပဲငံပြာရည်၊ သကြား စတဲ့ ဆော့စ်မျိုးစုံနဲ့ အချဉ်ဖောက်ထားတဲ့ ပဲပြားအကြွပ်ကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပြား ၁ တုံး
  • ကြက်သွန်မြိတ် ၄ ပင် (အနေတော်အရှည် လှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း

  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (ပါးပါးလှီးထားပါ)
  • ဂျင်း ၁ တုံး (ပါးပါးလှီးထားပါ)
  • ပြောင်းမှုန့် ၁၁၂ ဂရမ်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဘူးအကြီးတစ်ဘူးထဲတွင် ပဲငံပြာရည်၊ ဟင်းချက်ဝိုင်၊ သကြား၊ ငရုတ်နှစ်၊ သံပုယိုရည်၊ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ သမအောင် မွှေထားလိုက်ပါ။

၂။ ပဲပြားကို အနေတော် အတုံး တုံးထားပြီးနောက် ထိုဘူးထဲထည့်စိမ်ထားလိုက်ပါ။ ထို့နောက် ဘူးအဖုံးကို လုံအောင်ပိတ်ကာ ဘူးကို အနည်းငယ် လှုပ်ခါပေးလိုက်ပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင် တစ်ညခန့် ထည့်ထားလိုက်ပါ။

၃။ နောက်တစ်နေ့ မိုးလင်းတာနဲ့ ပဲပြားကို တစ်သျှူးအမာပေါ်တင်ကာ အရည်များကို စစ်ထုတ်လိုက်ပါ။

၄။ ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ပြောင်းမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေထားလိုက်ပါ။

၅။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ပဲပြားကို ပြောင်းမှုန့်ဖြင့် ကပ်ပေးပြီးနောက် ဒယ်အိုးထဲ ထည့်ကြော်လိုက်ပါ။

၆။ နှစ်မိနစ်ခန့် ကြော်ပြီးတဲ့အခါ အခြားတစ်ဖက်သို့ လှန်ကာ နောက်ထပ် နှစ်မိနစ်ခန့် ထက်ကြော်ပေးရပါမယ်။

၇။ ကြော်ပြီးတဲ့ ပဲပြားများကို ပန်းကန်ပြားထဲသို့ ဆယ်ထည့်ထားလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ပဲပြားကြွပ်ကြော်လေး ရရှိသွားပါပြီ။

Source: Omnivorescookbook.com