အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပဲပြားကို ကြက်ကြော်ပုံစံမျိုးလေး ကြော်စားကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပဲပြား
  • ပြောင်းမှုန့်
  • ကြက်သွန်နီအမှုန့်၊ ကြက်သွန်ဖြူအမှုန့်၊ ငရုတ်သီးမှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်
  • ပေါင်မုန့်အကြေအစများ
  • ကြက်ဥနှင့် ကြော်လှော်ရန် ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားများကို စတုရန်းပုံသဏ္ဍာန် အတုံးများ လှီးဖြတ်ထားပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်သွန်နီအမှုန့်၊ ကြက်သွန်ဖြူအမှုန့်၊ ငရုတ်သီးမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ပြောင်းမှုန့်တို့ကို သမအောင် ရောမွှေထားပါ။

၃။ ပဲပြားတုံးများကို ထိုအမှုန့်အရောအနှောထဲ ထည့်နယ်ပေးလိုက်ပါ။

၄။ အမှုန့်များကပ်နေသော ပဲပြားများကို မွှေခလောက်ထားသော ကြက်ဥထဲသို့ထည့်လိုက်ပါ။

၄။ တစ်ဖန် ထိုပဲပြားများကို ပေါင်မုန့်အမှုန်များနဲ့ ထပ်ကပ်ပေးရပါမယ်။

၅။ ဒယ်အိုးထဲတွင် ဆီထည့်ပြီး ပဲပြားများကို ၂ မိနစ်ခန့် ထည့်ကြော်ရပါမယ်။

၆။ ပဲပြားများ ရွှေညိုရောင်ပြောင်းသွားပါက ဆီပူထဲမှ ဆယ်ယူကာ ပန်းကန်ထဲပြောင်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ ပေါင်မုန့်ကပ် ကြက်ဥ ပဲပြားကြွပ်ကြော်လေး ရရှိသွားပြီပဲဖြစ်ပါတယ်။ မိမိနှစ်သက်ရာ အချဉ်ရည်တစ်မျိုးမျိုးဖြင့် အရသာရှိရှိစားသုံးနိုင်ပါပြီ။

Source: karylskulinarykrusade.com